ရွှေမျှောလုပ်ကိုင်နေစဉ် မြေကမ်းပါးယံပြိုကျရာမှ အမျိုးသား(၃)ဦးသေဆုံး

 ရွှေမှော်တစ်ခုတွေ့ ရစဉ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်း ကျေးရွာရှိ ရွှေမှော်တွင် မြေပြိုကျမှုဖြစ်ပွား၍ အမျိုးသား(၃)ဦးသေဆုံးသွားကြောင်း သိရှိရပါသည်။

 မိုင်းကိုင်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူများ မှာ အဆိုပါကျေးရွာနေ ကိုမင်းထက်(၃၅)နှစ်၊ ကိုစောထွန်း(၃၈)နှစ်နှင့် ကိုမင်းထွန်း(၂၇)နှစ်တို့(၃)ဦး ဖြစ်ကြောင်း သိရသည်။

 ၎င်းတို့(၃)ဦးသည် ရွှေမှော်အတွင်း လေးလုံးထိုးအင်ဂျင်စက်ဖြင့် ရွှေမျှောလုပ်ကိုင်နေစဉ် မြေ ကမ်းပါးယံပြိုကျခဲ့ရာမှ မြေစာများပိမိသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဟုမ္မလင်းမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ရွှေမျှောလုပ်ကိုင်နေစဉ် မြေကမ်းပါးယံပြိုကျရာမှ အမျိုးသား(၃)ဦးသေဆုံး ရွှေမျှောလုပ်ကိုင်နေစဉ် မြေကမ်းပါးယံပြိုကျရာမှ အမျိုးသား(၃)ဦးသေဆုံး Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.