အမွှာကလေးငယ်တစ်ဦး ဗိုက်ထဲမှာ နောက်ထပ်ကလေးလို့ ယူဆရတဲ့ အရာ တွေ့ရှိ


အမွှာပူးကလေးငယ်တစ်ဦးရဲ့ ဗိုက်ထဲမှာ နောက်ထပ်ကလေးငယ်တစ်ဦး သန္ဓေတည်နေတဲ့ ဖြစ်စဉ်တစ်ခု ပုသိမ်မြို့ အထွေထွေရောဂါ ကုဆေးရုံကြီးမှာ ဖြစ်ပွားခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာမှာ နေထိုင်တဲ့ ဦးထွန်းနိုင်ဦးနဲ့ ဒေါ်တင်တင်လတ်တို့
ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့လအတွင်းက ပုသိမ်ဆေးရုံကြီးမှာ အမွှာမိန်းကလေးနှစ်ဦးကို တက်ရောက်မွေးဖွားခဲ့ပါတယ်။

 အငယ်မိန်းကလေးရဲ့ ဗိုက်ဟာ မွေးကတည်းက ပူနေတာကြောင့် ဓာတ်မှန်ရိုက်ခဲ့ရာ ကလေးလို့ယူဆရတဲ့ အရာကိုတွေ့ရှိခဲ့ရပါတယ်။ ခွဲစိတ်ခဲ့ရာ ဆံပင်မျက်နှာနဲ့ အပေါ်ပိုင်းခန္ဓာကိုယ်စုံလင်ပြီးအောက်ပိုင်းခန္ဓာကိုယ်မစုံတဲ့ ကလေးကို တွေ့ရှိခဲ့တယ်လို့ ပုသိမ်အထွေထွေရောဂါကုဆေရုံကြီး တာဝန်ရှိသူက ပြောပါတယ်။

 ဒါပေမယ့် ခန္ဓာကိုယ်အတွင်းက ကလေးငယ်ကတော့ အသက်မရှင်ခဲ့ဘူးလို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ လူတစ်သိန်းမှာ တစ်ယောက်ဖြစ်ခဲတဲ့ဖြစ်စဉ်ဖြစ်ပေမယ့် ဆေးပညာရပ်အနေနဲ့တော့ မထူးခြားဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ပြောပါတယ်။ လက်ရှိမှာတော့ အမွှာကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန် တာကြောင့် ဆေးရုံကနေ ဆင်းကာ နေရပ်မှာ ပြန်လည်နေထိုင်နေပြီလို့ သိရပါတယ်။

သတင်း - ကိုလတ်(ပုသိမ်)(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews/
အမွှာကလေးငယ်တစ်ဦး ဗိုက်ထဲမှာ နောက်ထပ်ကလေးလို့ ယူဆရတဲ့ အရာ တွေ့ရှိ အမွှာကလေးငယ်တစ်ဦး ဗိုက်ထဲမှာ နောက်ထပ်ကလေးလို့ ယူဆရတဲ့ အရာ တွေ့ရှိ Reviewed by THITHTOOLWIN on 14:27 Rating: 5
Powered by Blogger.