မန္တလေးမြို့ ကမ်းနားလမ်းတွင် မန္တလေး-မိုးကုတ် ပြေးဆွဲသည့် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့ နယ်၊ ကမ်းနားလမ်းတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်ခန့်က မန္တလေး-မိုးကုတ် ပြေးဆွဲသည့် ဟိုင်းလတ်ယာဉ်တစ်စီးသည် မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။


၎င်းယာဉ်ကို ယာဉ်မောင်း ကိုသက်ဝေ(၁၈)နှစ် မောင်နှင်၍ ယာဉ်နောက်လိုက်အဖြစ် ဦးကြည်နိုင်(၅၃)နှစ် ပါရှိပြီး အမရပူရမြို့ နယ်၊ ကတ္တီပါ ရွှေကြက်ယက် နေရပ်သို့ပြန်လာစဉ် ယခုကဲ့သို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ သက်ဆိုင်ရာနယ်မြေရဲစခန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးမြင့်မောင်တို့ ရောက်ရှိရောက်ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့ ကမ်းနားလမ်းတွင် မန္တလေး-မိုးကုတ် ပြေးဆွဲသည့် မော်တော်ယာဉ် တစ်စီး တိမ်းမှောက် မန္တလေးမြို့ ကမ်းနားလမ်းတွင် မန္တလေး-မိုးကုတ် ပြေးဆွဲသည့် မော်တော်ယာဉ် တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.