မြေသယ်ယူစဉ် စကားများရာမှ လူသတ်မှုဖြစ်


မန္တလေး၊ ဖေဖော်ဝါရီ ၄။

မန္တလေးမြို့ အမရပူရမြို့နယ် ညောင်နီပင်ကျေးရွာမြောက်ဘက်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က အုတ်ဖုတ်ရန်မြေသယ်ယူစဉ် စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

အမှုဖြစ်စဉ်မှာ ညောင်နီပင်ကျေးရွာမြောက်ဘက် ရေမရှိသောအင်းအတွင်း လဆမ်(ခ)မာလ (၂၆) နှစ် နှင့် လင်းလင်းကို (၂၆) နှစ် တို့သည် အုတ်ပြုလုပ်ရန်အတွက် မြေများကို သယ်ယူနေစဉ် တစ်ယောက်တစ်ခွန်း စကားများ ရာမှ လင်းလင်းကို သည် လဆမ်(ခ)မာလ အား အရိုးအသွား (၉) လက်မ ရှိသည့်ဓါးဖြင့် ထိုးသွင်းခဲ့သည် ။

``သူတို့ ဘာအကြောင်းနဲ့ စကားများတယ်ဆိုတာကိုတော့ ဖြေကြားလို့ မရပါဘူး ။ တရားရုံးမှာ စစ်ဆေးမှ သိရမှာပါ´´ ဟု မြစ်ငယ်မြို့ နယ်မြေခံရဲစခန်းမှ စခန်းမှူးက ပြောသည် ။

ယင်းအမှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး တရားခံ လင်းလင်းကိုအား မြစ်ငယ်မြို့ နယ်မြေခံရဲစခန်းတွင် (ပ)၃၇/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

ဒိုး
Central News Myanmar
https://www.facebook.com/CNMyanmar/
မြေသယ်ယူစဉ် စကားများရာမှ လူသတ်မှုဖြစ် မြေသယ်ယူစဉ် စကားများရာမှ လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.