ကုန်​ကားတစ်​စီး နေအိမ်ဝင်တိုက် အဖွားအို​ တစ်​ဦး​သေဆုံး

ကုန်​ကားတစ်​စီး အရှိန်​မထိမ်းနိုင်​ဘဲ ​နေအိမ်​တွင်းသို့ ဝင်​​ရောက်​ကာ အဖွားအို​ တစ်​ဦး​သေဆုံး
ရန်ကုန် ​ဖေ​ဖေါ်ဝါရီ ၂၃

ရန်​ကုန်​တိုင်း​ဒေသကြီး၊ ​ကော့မှူးမြို့နယ်​၊ အ​ဖျောက်​​ကျေးရွာအတွင်းရှိ မိုင်​တိုင်​အမှတ် ​၁၃/၃အနီးတွင်​ ​ဖေ​ဖေါ်ဝါရီ၂၂ရက်၊ ည၇နာရီခန့်​အချိန်​က​ ကုန်​ကားတစ်​စီး အရှိန်​မထိမ်းနိုင်​ဘဲ ​နေအိမ်​တွင်းသို့ ဝင်​​ရောက်​ကာ အဖွားအို​တစ်​ဦး​ကို တိုက်​မှုဖြစ်​ပွားပြီး သေဆုံးသွား​ကြောင်း​​ ကော့မှူးမြို့နယ် ​ရဲတပ်​ဖွဲ့မှူးရုံးမှ သိရသည်​။

"ကား​တွေက​မောင်းရင်​၊ ယာဉ်​ကြံခိုင်​မှုရှိမရှိ စစ်​​ဆေးပြီးမှ​ မောင်းသင့်​တယ်​ဗျာ"ဟု​ ကော့မှူးမြို့နယ် ​ရဲတပ်​ဖွဲ့မှူးရဲမှူးသန်း​ဌေးက​ပြောသည်​။


ဖြစ်​စဉ်​မှာ ကော့မှူးမှ ဒလဘက်​သို့ ဦးတည်​၍​ ယာဉ်​​မောင်းထွန်းထွန်းဝင်း (၃၈)နှစ်​၁၂/ခ၊ မီးဒုန်းလမ်း ဂ ရပ်​ကွက်​၊ မြို့သစ်​​ဈေး၊ အင်းစိန်​မြို့နယ်​​နေသူ သည်​၊ ယာဉ်​အမှတ်​6K------ Canterအမျိုးအစားအား မောင်းနှင်​လာစဉ်​ အ​ဖျောက်​​ကျေးရွာအတွင်းရှိ မိုင်​တိုင်​အမှတ်​၁၃/၃ အနီး အ​ရောက်​တွင်​ အရှိန်​မထိန်းနိုင်​ဘဲ လမ်း၏ ယာဘက်​​ဘေးရှိ ဓာတ်​တိုင်​ကို ပွတ်​တိုက်​ ကာ​နေအိမ်​​ရှေ့ရပ်​​နေ​သော ​ဒေါ်သန်ရွှေ(၈၅)နှစ်​​အား တိုက်​မိပြီး ကားမှာ​နေအိမ်​တွင်းသို့ ဝင်​​ရောက်​ခဲ့​ကြောင်း​ဒေါ်သန်း​ရွှေမှာ ရင်​ပတ်​​အောင့်​၊ ဝဲလက်​၊ ဝဲ​ခြေစုတ်​ပြတ်​ပွန်းပဲ့ ဒါဏ်​ရာများဖြင့် ပရဟိတ အသင်းအကူညီဖြင့် ကော့မှူး​ဆေးရုံသို့ ပို့​ဆောင်​​ပေးခဲ့​ကြောင်း ​ဆေးကုသခံယူ​နေစဉ်​ ​ဒေါ်သန်း​ရွှေမှာ ​သေဆုံးသွား​ကြောင်းရဲမှူး သန်း​ဌေး ​ပြောပြချက်​အရ သိရသည်​။


အဆိုပါဖြစ်​စဉ်​နှင့် ပတ်​သက်​၍ ရဲဒုတပ်​ကြပ်​​အောင်​ကိုကိုထွန်း၊ အမှတ်​(၅၃)ယာဉ်​ထိမ်းစုမှတရားလိုပြုလုပ်​ပြီး ဒုရဲအုပ်​မိုးမိုးလွင်​မှ အမှုစစ်​ပြုလျှက်​​ကော့မှူးမြို့မရဲစခန်းတွင်​ အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​ လျှက်​ရှိကြောင်းသိရသည်​။

ဓာတ်​ပုံ-ဓမ္မဝိဟာရ
မြတ်​ဟိန်း​ကျော်​(​ကော့မှူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကုန်​ကားတစ်​စီး နေအိမ်ဝင်တိုက် အဖွားအို​ တစ်​ဦး​သေဆုံး ကုန်​ကားတစ်​စီး နေအိမ်ဝင်တိုက် အဖွားအို​ တစ်​ဦး​သေဆုံး Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.