သန်လျင်မြို့ အေးမေတ္တာရပ်ကွက် မြရတနာဘူတာရုံအတွင်း လူတစ်ဦး သေဆုံးလျက်တွေ့ရှိ

 မြရတနာဘူတာရုံ အတွင်း၌ လူသေအလောင်း တစ် လောင်းတွေ့ရှိ ။ ဓါတ်ပုံ - သန်လျင်ပြည်သူ့ဟစ်တိုင်
ရန်ကုန် ဖေဖေါ်ဝါရီ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ အေးမေတ္တာရပ်ကွက် မြရတနာဘူတာရုံအတွင်း၌ ဖေဖေါ်ဝါရီ ၂၂ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က လူတစ်ဦးသေလျက်တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စောထွန်းသည် စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ် သန်လျင်မြို့ အေးမေတ္တာရပ်ကွက် မြရတနာဘူတာရုံအတွင်း လူတစ်ဦးသေဆုံးနေကြောင်းသတင်းအ ရဲတပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ခင်မောင်လတ် အသက် (၄၇) နှစ် အေးမေတ္တာရပ်ကွက် သန်လျင်မြို့နယ်နေသူဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သန်လျင်အထွေထွေဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ကာ ဓမ္မာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ သေဆုံးမှုအားသက်သေများနှင့် စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ အရက်အလွန်အကျွံသောက်သုံးတက်သူ တစ်ဦးဖြစ်ကြောင်းသိရသည်။ အဆိုပါသေဆုံးမှုအား သန်လျင်မြို့မရဲစခန်းမှ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သန်လျင်မြို့ အေးမေတ္တာရပ်ကွက် မြရတနာဘူတာရုံအတွင်း လူတစ်ဦး သေဆုံးလျက်တွေ့ရှိ သန်လျင်မြို့ အေးမေတ္တာရပ်ကွက် မြရတနာဘူတာရုံအတွင်း လူတစ်ဦး သေဆုံးလျက်တွေ့ရှိ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.