(၇)နှစ်(၇)လအရွယ် ကလေးငယ်အား သားမယားအဖြစ် အဓမ္မပြုကျင့်ခံရမှုဖြစ်ပွား


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ (၇)နှစ်(၇)လအရွယ် သမီးဖြစ်သူကို မိဘများ၏နေအိမ်၌ ထားခဲ့စဉ် မိဘများနှင့် အတူနေ သမက်ဖြစ်သူ ဟိန်းစိုး(ခ)စောနောင်ချို(၂၃)နှစ်မှ ၎င်း၏အိပ်ခန်း အတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ မ××× သည် ခင်ပွန်းဖြစ်သူနှင့်အတူ မုန်လာဥဆေးသည့် နေ့စားအလုပ် သွားလုပ်နေစဉ် သမီးဖြစ်သူ မ×××(၇)နှစ်(၇)လအား တစ်ရွာတည်းနေ မိဘများနေအိမ်၌ ထားခဲ့ သည်။

နံနက် ၁၁ နာရီအချိန်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် သမီးဖြစ်သူ မ×××မှာ ငိုနေပြီး မိန်းမကိုယ်မှ သွေးများထွက်နေသဖြင့် ပြည်သူ့ဆေးရုံသို့သွားရောက်ပြသခဲ့ရာ သားမယားအဖြစ် ပြုကျင့်ခံထားရကြောင်း သိရှိရသည်။

 မ××××အား မေးမြန်းရာ မိဘများ၏နေအိမ်၌ ထားခဲ့စဉ် မိဘများ၏ အတူနေ သမက်ဖြစ်သူ ဟိန်းစိုး(ခ)စောနောင်ချို(၂၃)နှစ်မှ မ×××အား ၎င်း၏အိပ်ခန်း အတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရ၍ အရေးယူပေးရန် တိုင်တန်းချက်အရ ဟိန်းစိုး(ခ)စောနောင်ချို အား လှည်းကူးညောင်နှစ်ပင်နယ်မြေရဲစခန်း (ပ)၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
(၇)နှစ်(၇)လအရွယ် ကလေးငယ်အား သားမယားအဖြစ် အဓမ္မပြုကျင့်ခံရမှုဖြစ်ပွား (၇)နှစ်(၇)လအရွယ် ကလေးငယ်အား သားမယားအဖြစ် အဓမ္မပြုကျင့်ခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.