(၉)နှစ်(၅)လ အရွယ် ကလေးငယ်အား သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဘိုဘိုအောင်(ခ)ဆန်းဝင်းအောင်(၂၂)နှစ်မှ ၉ နှစ်ကျော်အရွယ် မိန်းကလေးတစ်ဦးကို ချစ်ဦး ဆိုသူ၏နေအိမ်အား လိုက်ပြပေးပါက မုန့်ဖိုးတစ်ထောင်ပေးမည်ပြောပြီး စက်ဘီးနှင့်တင်ခေါ်သွားကာ လူပြတ် သည့် လမ်းကြားအရောက်တွင် သားမယားအဖြစ် အဓမ္မပြုကျင့် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်နေ ဒေါ်×××× သည် သမီးဖြစ်သူ မ×××(၉)နှစ်(၅)လနှင့်အတူ လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခဲ့ပြီး သမီးဖြစ်သူက အစ်မ အလုပ်မှပြန်လာသည်ကို စောင့်ကြိုမည်ဟုပြောသဖြင့် လက်ဖက်ရည်ဆိုင်တွင်တစ်ဦးတည်းထားခဲ့ကာ ဒေါ်××××မှာ နေအိမ်သို့ပြန်လာခဲ့သည်။

 ည ၈ နာရီ အချိန်တွင် ခင်ပွန်းဖြစ်သူမှ သမီးဖြစ်သူအား မတွေ့ရှိကြောင်း ပြောသဖြင့် လိုက်လံရှာဖွေနေစဉ် တူဖြစ်သူနှင့် အစ်ကိုဝမ်းကွဲဖြစ်သူတို့က မ×××(၉)နှစ်(၅)လအား ဆိုင်ကယ်ဖြင့်ခေါ်လာ၍ မေးမြန်း ရာ လှိုင်သာယာမြို့နယ်နေ ဘိုဘိုအောင်(ခ)ဆန်းဝင်းအောင်(၂၂)နှစ်မှ ချစ်ဦး ဆိုသူ၏နေအိမ်အား လိုက်ပြပေးပါက မုန့်ဖိုးတစ်ထောင်ပေးမည်ပြောသဖြင့် ၎င်း၏စက်ဘီးဖြင့်လိုက်သွားခဲ့ကြောင်း၊ လူပြတ် သည့်လမ်းကြားအရောက်တွင် ဘိုဘိုအောင်(ခ)ဆန်းဝင်းအောင်က မ×××(၉)နှစ်(၅)လအား ချုံအတွင်းသို့ဆွဲခေါ်ပြီး အော်ရင်သတ်ပစ်မည်ဟုခြိမ်းခြောက်၍ သားမယားအဖြစ် အဓမ္မပြုကျင့် ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ ဘိုဘိုအောင်(ခ)ဆန်းဝင်းအောင် အား သောင်ကြီးနယ်မြေရဲစခန်း(ပ)၁၃၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

(၉)နှစ်(၅)လ အရွယ် ကလေးငယ်အား သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား (၉)နှစ်(၅)လ အရွယ် ကလေးငယ်အား သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.