ပုဂံအမြန်​ရထားလာစဉ်​ ဖြတ်​​မောင်း​သော ကိုယ်​ပိုင်​ယာဉ်​​နောက်​ပိုင်း ရထားတိုက်​ခံရ


တိုက်​ကြီး - ​ဖေ​ဖော်​ဝါရီ ၈

ရန်​ကုန်​တိုင်း​ဒေသကြီး တိုက်​ကြီးမြို့ မင်္ဂလာရပ်​ကွက်​ ရန်​ကုန်​ ပြည်​ကားလမ်း တရားရုံး​ရှေ့ မီးရထားသံလမ်း မိုင်​တိုင်​အမှတ်​ ၃၉- ၂၃/၂၄ကြားတွင်​ ​ဖေ​ဖော်​ဝါရီလ ၈ ရက်​ နံနက်​ ၈း၅၃ နာရီ တွင်​ ၆၂ အစုံ ပုဂံ ရန်​ကုန်​အမြန်​ရထားမှ ကိုယ်​ပိုင်​ယာဉ်​ ​နောက်​ပိုင်း တိုက်​မိ​ကြောင်းသတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ အစုံပုဂံ- ရန်​ကုန်​အမြန်​ရထားသည်​ ပုဂံမှ ရန်​ကုန်​ခရီးစဉ်​တွင်​ ခုတ်​​မောင်းလာစဉ်​ တိုက်​ကြီးဘူတာအ​ကျော်​ တရားရုံး​ရှေ့ မီးရထားသံလမ်း အ​နောက်​ဘက်​မှ အ​ရှေ့ဘက်​သို့ဖြတ်​ကူး
စဉ်​ ယဉ်​​မောင်း​ မောင်​​နေ​သွေး ၂၈ နှစ်​(ဘ)ဦးစိုးစိုး၁၂/တကန(နိုင်​) ၁၆၅၄၇၈ ​မေတ္တာ​အေးလမ်း ​ဈေးရပ်​ကွက်​ တိုက်​ကြီးမြို့၊ ​နေသူနှင့်​အတူပါ မဖူးပွင့်​​ဝေ ၂၆နှစ်​(ဘ)ဦးတင်​လင်းလိုက်​ပါလြာ
ပြီး Mark x YGN/ IK ------အနက်​​ရောင်​ယာဉ်​ ​နောက်​ပိုင်းကို အစုန်​ပုဂံရန်​ကုန်​အမြန်​ရထား ဖြင့်​တိုက်​မိခဲ့သည်​။ လူများထိခိုက်​ဒဏ်​ရာရရှိမှု့မရှိ​ကြောင်း နှင့်​ ယာဉ်​​နောက်ပိုင်း​ ပျက်​စီးသွားကြောင်းသိရသည်​။

ထိုဖြစ်​စဉ်​​ကြောင့်​ အစုံရထား ​ရှေ့ဝဲဘက်​ဘန်​ကာပိန်​သွားသဖြင့်​ တရားမဝင်​ကားလမ်းကူးမှ လမ်းဖြတ်​ကူး​သော ယာဉ်​​မောင်း​အား မြန်​မာ့မီးရထား ပို့​ဆောင်​​ရေး ဥပ​ဒေ ပုဒ်​မ ၈၅ဖြင့်​ အ​ရေးယူ​ပေးရန်​ တိုက်​ကြီးရဲစခန်းသို့ အမှု့ဖွင့်​ထား​ကြောင်းသတင်းရရှိသည်​။
"ဒီရထားသံလမ်းကူး​နေရာက တရားရုံး၊ ဥပ​ဒေရုံး၊ ​ကျေးလက်​ရုံး၊ စီမံကိန်းရုံး စသည်​ ရုံး​တွေရှိပြီး ​နေ့စဉ်​ ရုံးသွားရုံးလာများ ခရီးသည်​များ အမြဲတမ်းသွားလာ​နေကြတယ်​ ၊ ဒါ​ကြောင့်​ ရထားလမ်းကူးတံခါးများ တပ်​ဆင်​​ပေးသင့်​ပါတယ်​လို့" ​ဒေသခံများက​ပြောကြားသည်​။

ထွန်းလှိုင်​(မြိုင်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပုဂံအမြန်​ရထားလာစဉ်​ ဖြတ်​​မောင်း​သော ကိုယ်​ပိုင်​ယာဉ်​​နောက်​ပိုင်း ရထားတိုက်​ခံရ ပုဂံအမြန်​ရထားလာစဉ်​ ဖြတ်​​မောင်း​သော ကိုယ်​ပိုင်​ယာဉ်​​နောက်​ပိုင်း ရထားတိုက်​ခံရ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.