ပြည့်တန်ဆာရုံက ငွေချေးခဲ့ကြောင်း ထိုင်းရဲမင်းကြီးဟောင်း ဝန်ခံ


ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မင်းကြီးဟောင်း Somyot Pumpanmuang ဆွမ်ယွတ် ပမ်ပန်းမွမ်းအင်း က ပြည့်တန်ဆာခန်းတခုပိုင်ရှင်ထံကနေ အမေရိကန်ဒေါ်လာ ၉ သန်းခွဲ သူ ချေးယူခဲ့ဖူးကြောင်း တနင်္လာနေ့က ဝန်ခံပြောကြားလိုက်ပါတယ်။

အဲဒီပြည့်တန်ဆာရုံပိုင်ရှင် Kampol ကမ်ပိုးလ် ဟာ သူနဲ့ နှစ်ပေါင်း ၂ဝ ကျော် ရင်းနှီးခဲ့တဲ့ သူငယ်ချင်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီငွေတွေကို ဘယ်လိုပိုင်ဆိုင်ခဲ့သလဲဆိုတာတော့ သူမသိပါဖူးလို့လည်း ရဲမင်းကြီး ဆွမ်ယွတ်ကပြောပါတယ်။

၂ဝ၁၄ မှာ ထိုင်းနိုင်ငံကို စစ်အစိုးရ အာဏာသိမ်းပြီးနောက် ဆွမ်ယွတ်ကို ရဲမင်းကြီးအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ၂ဝ၁၅ မှာ ရာထူးက ထွက်ခဲ့တဲ့ ဆွမ်ယွတ်ကို အဲဒီငွေကြေးကိစ္စအတွက် စစ်ဆေးမေးမြန်းမယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ဘန်ကောက်မြို့မှာ ပြည့်တန်ဆာခန်းအများအပြား ပိုင်ဆိုင်တဲ့ ဝရမ်းပြေး ကမ်ပိုးလ်ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ပြည့်တန်ဆာရုံက ငွေချေးခဲ့ကြောင်း ထိုင်းရဲမင်းကြီးဟောင်း ဝန်ခံ ပြည့်တန်ဆာရုံက ငွေချေးခဲ့ကြောင်း ထိုင်းရဲမင်းကြီးဟောင်း ဝန်ခံ Reviewed by THITHTOOLWIN on 07:39 Rating: 5
Powered by Blogger.