မြောက်ကိုရီးယား စွမ်းရည် ကန် ပြောကြား


မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုပိုင်နက်ကို နူကလီးယားလက်နက်နဲ့ ပစ်ခတ်နိုင်လောက်တဲ့စွမ်းရည်ရှိလာဖို့ လအနည်းငယ်ပဲလိုတော့ပြီး ဒါကို ရပ်တန့်အောင် လုပ်ရမယ်လို့ အမေရိကန်လက်နက်ဖျက်သိမ်းရေးဆိုင်ရာ သံတမန် Robert Wood က မနေ့က ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂက ကြီးမှူးကျင်းပတဲ့ လက်နက်ဖျက်သိမ်းရေးညီလာခံမှာ ပြောကြားသွားတာပါ။

အမေရိကန်ဟာ တောင်-မြောက်ခွဲခြားထားတဲ့ ကိုရီးယားကျွန်းဆွယ်နားမှာ လေယာဉ်တင်သင်္ဘောတွေ အပါအ၀င် နျူးကလီးယားပစ္စည်းတွေ ဖြန့်ချထားပြီး မြောက်ကိုရီးယားကို တင်ကြိုတိုက်မယ်လို့ သုံးသပ်ရတာမို့ အမေရိကန်က ထိပ်တိုက်ရင်ဆိုင်ရေးကို အရှိန်မြှင့်နေတယ်လို့ မြောက်ကိုရီးယားက အပြစ်တင်ရင်း တုံ့ပြန်ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်စွမ်းရည်မြှင့်ရေးနောက် အရှိန်တိုးလိုက်နေပြီး အမေရိကန်နဲ့ ဒေသတွင်းက အမေရိကန်မဟာမိတ်တွေကို နျူကလီးယားနဲ့ ခြိမ်းခြောက်တယ်လို့ အမေရိကန်သံက ပြောပါတယ်။

မြောက်ကိုရီးယား တာဝန်ရှိသူတွေကလည်း နျူကလီးယားလက်နက်ကိစ္စ အလျှော့မပေးဘူးလို့ တွင်တွင်ပြောနေတယ်လို့လည်း ပြောကြားသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယား စွမ်းရည် ကန် ပြောကြား မြောက်ကိုရီးယား စွမ်းရည် ကန် ပြောကြား Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.