(၆)နှစ်အရွယ် ကလေးငယ်အား ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမဆက်ယှက်သူကို အမှုဖွင့် အရေးယူထား


မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့် က (၆)နှစ်အရွယ် ယောက်ျားလေး ကလေးငယ်တစ်ဦးအား ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်သည့် အသက် ၁၇နှစ်အရွယ် အမျိုးသားတစ်ဦးကို မန္တလေး အမှတ် ၇ ရဲစခန်းမှ ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်နေ မ××××(၃၉)နှစ်သည် သားဖြစ်သူနှင့်အတူ ဈေးသွားဝယ်ပြီး နေအိမ်သို့ ပြန်လာရာ နေအိမ်မရောက်မီ လမ်းပေါ်၌ ကလေးများ ဆော့ကစားနေသည်ကို တွေ့ရ၍ သားဖြစ်သူ မောင်×××××(၆)နှစ်မှာ ကလေးများနှင့်အတူ ဆော့ကစား၍ ကျန်ခဲ့သည်။

နံနက် ၁၁ နာရီအချိန် သားဖြစ်သူမှာ ပြန်မလာသဖြင့် သွားရောက်ရှာဖွေရာ သံလျက်မှော် အရှေ့ရပ်ကွက်နေ သက်ဖြိုးအောင်(၁၇)နှစ်မှ သားဖြစ်သူ မောင်×××××(၆)နှစ်အား သားရေစက်ရုံ ဝန်းအတွင်းသို့ သရက်သီးခူးရန် ခေါ်ဆောင်သွားကြောင်း သိရှိရ၍ အိမ်နီးချင်းဖြစ်သူနှင့်အတူ သားရေစက်ရုံဝန်းအတွင်းသို့ လိုက်လံရှာဖွေခဲ့သည်။

အဆိုပါ စက်ရုံဝန်းအတွင်းရှိ ရေတွင်းအနီး၌ သက်ဖြိုးအောင် နှင့်အတူ သားဖြစ်သူ မောင် ×××××(၆)နှစ်တို့အား တွေ့ရှိရသဖြင့် ပွေ့ချီခေါ်ဆောင်စဉ် မောင်××××× (၆)နှစ် ဝတ်ဆင်ထားသည့် ဘောင်းဘီနောက်တွင် အရည်များစိုနေသဖြင့် ကြည့်ရှုခဲ့ကြောင်း၊ မောင်×××××(၆)နှစ်၏ စအိုတွင် သွေးများထွက်နေသဖြင့် မေးမြန်းရာ သက်ဖြိုးအောင်မှ ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမဆက်ယှက်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ သက်ဖြိုးအောင် အား အမှတ်(၇)နယ်မြေရဲစခန်း(ပ)၇၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သစ်ထူးလွင်
(၆)နှစ်အရွယ် ကလေးငယ်အား ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမဆက်ယှက်သူကို အမှုဖွင့် အရေးယူထား (၆)နှစ်အရွယ် ကလေးငယ်အား ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမဆက်ယှက်သူကို အမှုဖွင့် အရေးယူထား Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.