ဆိုင်ကယ်ရောင်းနေစဉ် မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ဆိုင်ကယ် ခြောက်စီးခိုးယူမှုနှင့် လုယက်မှု/လူသတ်မှုပေါ်ပေါက်ခဲ့


မန္တလေး ဖေဖော်ဝါရီ ၁၆

မန္တလေးအောင်မြေသာစံမြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းသူ ဦးစီး၍ နယ်မြေသတင်းစုံစမ်းနေစဉ် ၂၂ လမ်း၈၈x၈၉ လမ်းကြား ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်နေသည့် အမျိုးသား တစ်ဦးအား SCOOPYI-110 ဆိုင်ကယ်တစ်စီးနှင့် အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ ဆိုင်ကယ်ခြောက် စီးခိုးယူမှုနှင့် လူသတ်မှုပါပေါ်ပေါက်ခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စခန်းမှူး ဒုရဲမှူး မိုးသူကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းသူနှင့် ရဲတပ်ဖွဲ့ဝင်များသည် တရားခံချစ်တိုးဝေအား အမှုကွင်းဆက်လိုက်၍ စစ်ဆေးဖော်ထုတ်ခဲ့ရာ မြင်းမူမြို့မရဲစခန်း (ပ)၁၄၃/၂ဝ၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၃ဝ၂ အမှုမှ တရာခးံ မအေးနွယ်ဝင်း၏ ဖော်ပြချက်အရ တရုတ်ကြီး(ခ)ဌေးအောင်ကျော်နှင့် ဇေရဲ(ခ)ဇေကြီးတို့နှစ်ဦးပါ ပေါ်ပေါက်ခဲ့ပြီး တရားခံ မအေးနွယ်ဝင်းအား စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်အဖွဲ့ထံ ဖေဖော်ဝါရီ ၈ ရက်တွင် အောင်မြေသာစံ မြို့မရဲစခန်းက တရားခံအားလွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် တရားခံချစ်တိုးဝေအား ဆက်လက်စစ်ဆေးခဲ့ရာ ၄င်းက လွန်ခဲ့သော တစ်လကျော်ခန့် နေ့လယ်(၁၂)နာရီက ချမ်းအေး သာစံမြို့နယ် ပြည်ကျော်ဈေးအနီး နေအိမ်ခြံဝင်းအတွင်းမှ ¤င်းခိုးယူခဲ့သော SCOOPYI-110 (ထိုင်းနိုင်ငံလုပ်)ဆိုင်ကယ်တစ်စီး အားလည်းကောင်း၊ လွန်ခဲ့သောသုံးလခန့် နေ့လယ်(၁၂)နာရီက အမရပူရမြို့နယ် တရားရုံးအနီး နေအိမ်တစ်အိမ်ရှေ့တွင်ရပ်ထားသော နေရာမှ MSX-125 အနက်ရောင်ဆိုင်ကယ်အားလည်းကောင်း၊ လွန်ခဲ့သောတစ်လခန့် နေ့ခင်း ၁၁ နာရီက ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းဝိုင်းအနီး လမ်းပေါ်တွင် ရပ်ထားသော ဆိုင်ကယ် YAMAHAအနီရောင်ဆိုင်ကယ်တစ်စီး၊ FOLLOWME ဆိုင်ကယ်တစ်စီးနှင့် SCOOPYI-110ပန်းရောင်တစ်စီးတို့အား ဆက်စပ်ခိုးယူခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ဝန်ခံထွက်ဆိုခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် ဆက်လက်အမှုဖွင့်သွားမည်ဖြစ်ကြောင်းသိရသည်။

မောင်မောင်စိုး(မြစ်ငယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်ရောင်းနေစဉ် မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ဆိုင်ကယ် ခြောက်စီးခိုးယူမှုနှင့် လုယက်မှု/လူသတ်မှုပေါ်ပေါက်ခဲ့ ဆိုင်ကယ်ရောင်းနေစဉ် မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ဆိုင်ကယ် ခြောက်စီးခိုးယူမှုနှင့် လုယက်မှု/လူသတ်မှုပေါ်ပေါက်ခဲ့ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.