ကမာဝက်မြို့ ရပ်ကွက်(၂) သိမ်ကုန်းရပ်တွင် မီိးလောင်မှုဖြစ်ပွား


မုဒုံ ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ၊ကမာဝက်မြို့၌ ဖေဖော်ဝါရီ၁၇ ၁ဝ နာရီ မိနစ် ၂ဝ ခန့်က ကမာဝက်မြို့၊ ရပ်ကွက်(၂) သိမ်ကုန်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ကမာဝက်မြို့ ရပ်ကွက် (၂)၊ သိမ်ကုန်းရပ်တွင် မီးလောင်မှုဖြစ် ပွားကြောင်း သတင်းရရှိ၍ အဆိုပါနေရာသို့သွားရောက်ကြရာ ဒေါ်သန်းစိန် အသက် (၅၃နှစ်)၏အလျား ၃ဝ ပေ၊ အနံ ၂ဝ ပေ၊ အမြင့် ၂ဝ ပေခန့်ရှိ အိမ်တွင်း နောက်ဖေး ထင်းမီးဖိုတွင် ထမင်းအိုးနှပ်ထားသည့် မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းပြီး အိမ်နီးချင်း ကပ်လျက်ရှိ ဦးမွန် အသက် (၅၃နှစ်) သိမ်ကုန်းကွက်သစ်ရပ်ကွက်(၂)နေထိုင်သူ ဓနိမိုး၊ဓနိကာ ကြမ်းခင်းအိမ် အလျား ၂ဝ ပေ၊အနံ ၁ဝ ပေ၊ အမြင့် ၁၅ ပေနေအိမ် ကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရှိရပြီး မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်၊မြို့နယ်ရဲမှူးမြအောင်နှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ၅ဝ ဦးခန့် မီးသတ် ယာဉ် ငါးစီး၊ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ဝိုင်းဝန်းငြိမ်းသတ် ခဲ့ရာ ၁ဝ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်သွားကြောင်း လူနှင့်တိရ္ဆာန်ထိခိုက်မှုရှိပါကြောင်း မီးကိုပေါ့ဆ စွာအသုံးပြုသူဒေါ်သန်းစိန်အားဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ-မုဒုံမောင်မောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကမာဝက်မြို့ ရပ်ကွက်(၂) သိမ်ကုန်းရပ်တွင် မီိးလောင်မှုဖြစ်ပွား ကမာဝက်မြို့ ရပ်ကွက်(၂) သိမ်ကုန်းရပ်တွင် မီိးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.