ညအချိန် အဝေးပြေးမော်တော်ယာဉ်များအား လေးခွဖြင့် အကြောင်းမဲ့ ပစ်ခတ်နေကြောင်း သတင်းအရ ပိတ်ဆို့ ရှာဖွေရာမှ မှူးယစ်ဆေးဝါးများ နှင့်အတူ လူတစ်ဦးအား ဖမ်းဆီး ရမိ

သုဝဏ္ဏဝတီမြို့ ဖေဖေါ်ဝါရီ ၂၀

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး နောင်ဘိုကျေးရွာအနီး နှင့် လူပြတ်သောနေရာများ၌ ဖေဖေါ်ဝါရီ ၁၉ ရက် ည ၁၀နာရီခွဲအချိန်ခန့်က ရန်ကုန်- မော်လမြိုင်အဝေးပြေးကားလမ်းပေါ်တွင် ခရီးသွားမော်တော်ယာဉ်များအား လေးခွဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ ပိတ်ဆို့ရှာဖွေဖမ်းဆီးရာ မူးယစ်ဆေးဝါးများနှင့်အတူ လူတစ်ဦး ကို ဖမ်းဆီးရမိသည် ။

 ဖြစ်စဉ်မှာ ရန်ကုန်မှမော်လမြိုင်သို့မောင်းနှင်လာသော မန္တလာမင်း Express ယာဉ် နူစ်စီး ရွှေပုလဲသီ Express တစ်စီး Denko ဆီဘောက်စာ တစ်စီး စုစုပေါင်း ၄စီးတို့အား နောင်ဘိုကျေးရွာ သချိုင်္င်းထဲမှ လေးခွနဲ့ပစ်ခံရကြောင်း လူထိခိုက်မှုမရှိဘဲ ကားမှန်များပျက်စီးသွားကြောင်း ခရီးသွားလာမူ မပြတ်စေရန် အမူဖွင့်တိုင်ကြားခြင်း မရှိဘဲ သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ အသိပေးအကြောင်းကြားချက်အရ သထုံခရိုင် မူခင်းနှိမ်နင်းရေးဌာနမှ ရဲတပ်ဖွဲ့ဝင်များ သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲအုပ်ကိုကိုလတ် နှင့် ရဲတပ်ဖွဲ့ဝင်များ အသိသက်သေများနှင့်အတူ ကျိုက္ကော်ရပ်ကွက် စွမ်းရာပြည့် စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့သည်။

ရှာဖွေစစ်ဆေးနေစဉ် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၂ နာရီခွဲအချိန်တွင် သထုံမြို့ဘက်မှ သုဝဏ္ဏဝတီမြို့ဘက်သို့ ယာဉ်မောင်း ကျော်မင်းထွန်း(ခ)ဖိုးထောင် (အသက် ၃၁ နူစ်) ဆိုင်ကယ်ပြင် တိုင်ကောက်လမ်း ကျိုက္ကော်ရပ်ကွက် သုဝဏ္ဏဝတီမြို့ နေသူ မောင်းနှင်လာသော နံပါတ်မပါ Honda Click အမျိုးအစား နီ/မဲရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းဝတ်ဆင်လာသည့် ဂျင်းဘောင်းဘီရှည်၏ ဝဲဘက်အိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၆ ပြားနှင့်အတူ ဆေးခြောက်ဟုထင်ရသော အရိုး/အရွက်အလေးချိန် ၂ ပဲ ၄ရွေး Vivoအမျိုးအစား ရွှေအိုရောင် လက်ကိုင်ဖုန်းတစ်လုံး တို့အားဖမ်းဆီးရမိ၍ သိမ်ဆိပ်နယ်မြေရဲစခန်း၌ အမူဖွင့် ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည် ။

 အကြောင်းမဲ့ ခရီးသည်တင်ယာဉ်များအား လေးခွများဖြင့် ပစ်ခတ်သူများအား ဖမ်းဆီးရမိစေရန် ပြည်သူများက သတင်းပေးတိုင်ကြားရန် သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင် နှင့် ရဲတပ်ဖွဲ့ဝင်များက အချိန်နှင့်တပြေးညီ အပူတပြင်း စုံစမ်း စစ်ဆေးနေကြောင်း သိရသည် ။

‌ ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ညအချိန် အဝေးပြေးမော်တော်ယာဉ်များအား လေးခွဖြင့် အကြောင်းမဲ့ ပစ်ခတ်နေကြောင်း သတင်းအရ ပိတ်ဆို့ ရှာဖွေရာမှ မှူးယစ်ဆေးဝါးများ နှင့်အတူ လူတစ်ဦးအား ဖမ်းဆီး ရမိ ညအချိန် အဝေးပြေးမော်တော်ယာဉ်များအား လေးခွဖြင့် အကြောင်းမဲ့ ပစ်ခတ်နေကြောင်း သတင်းအရ ပိတ်ဆို့ ရှာဖွေရာမှ မှူးယစ်ဆေးဝါးများ နှင့်အတူ လူတစ်ဦးအား ဖမ်းဆီး ရမိ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.