ရုရှားတိုက်လေယာဉ် ၆ စင်း ထပ်မံပေးပို့မည်


မြန်မာနိုင်ငံကို ရုရှားနိုင်ငံက ဒီနှစ်မကုန်ခင် Yakovlev Yak 130 အမျိုးအစား တိုက်လေယာဉ် နောက်ထပ် ၆ စင်း ထပ်မံတင်ပို့မယ်လို့ ဂျိန်းကာကွယ်ရေး အပတ်စဉ်စာစောင်က ကြာသပတေးနေ့ မနေ့က ဖေါ်ပြလိုက်ပါတယ်။

အဲဒီ လေ့ကျင့်ရေးနဲ့ အပေါ့စားဂျက်တိုက်လေယာဉ် ၆ စင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပထမ အသုတ်ပေးပို့ခဲ့ပြီး အခုပို့မှာက ဒုတိယအသုတ်ဖြစ်ပါတယ်။

ရုရှားလုပ်အဲဒီ Yak-130 နှစ်ယောက်စီး တိုက်လေယာဉ်တွေဟာ မြန်မာလေတပ်အတွက် အဓိကအားထားရမယ့် လေယာဉ်တွေဖြစ်လာပြီး မြေပြင်တပ်ဖွဲ့တွေကို အထောက်အကူပေးရေးနဲ့ သောင်းကျန်းသူချေမှုန်းရေးတွေမှာ ပိုမိုပါဝင်လာနိုင်တယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရုရှားတိုက်လေယာဉ် ၆ စင်း ထပ်မံပေးပို့မည် ရုရှားတိုက်လေယာဉ် ၆ စင်း ထပ်မံပေးပို့မည် Reviewed by THITHTOOLWIN on 12:16 Rating: 5
Powered by Blogger.