အင်္ဂပူမြို့နယ် ကွင်းကောက်(တောင်) ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

အင်္ဂပူမြို့နယ် ကွင်းကောက်(တောင်) ကျေးရွာတွင် ဆေးရိုးလှော်သည့်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
အင်္ဂပူ ဖေဖော်ဝါရီ ၉

အင်္ဂပူမြို့နယ် ကွင်းကောက်(တောင်)ကျေးရွာအုပ်စု၊ ကွင်းကောက်(တောင်)ကျေးရွာ၊ ရွာမရပ်ကွက် ငွေစပါယ်ဖြူလမ်းတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ် အချိန်ခန့်က ဆေးရိုး သိုလှောင်ရုံ တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ အင်္ဂပူမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်ထွန်းရီ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များ၊ ကွင်းကောက်ကျေးရွာမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၅ နာရီ ၄၀ တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ကွင်းကောက်(တောင်)ကျေးရွာနေ ဦးငြိမ်းချမ်း၏ အောင်ကမ္ဘာ ဆေးလိပ်ခုံမှ ဆေးရိုး သိုလှောင်ရုံတစ်လုံး၊ ကာလတန်ဖိုး ၂၄ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဆေးရိုးလှော်သည့် မီးဖိုမီးကြွင်း၊ မီးကျန် မှတဆင့် ဆေးရိုး သိုလှောင်ရုံအား ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အင်္ဂပူမြို့နယ် ကွင်းကောက်(တောင်) ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား အင်္ဂပူမြို့နယ် ကွင်းကောက်(တောင်) ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:07 Rating: 5
Powered by Blogger.