အင်ဒိုနီးရှား အိမ်ဖေါ် မလေးရှားမှာ နှိပ်စက်ခံသေဆုံး


အင်ဒိုနီးရှားအိမ်ဖေါ်တဦး မလေးရှားနိုင်ငံမှာ နှိပ်စက်ခံဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့မှုအတွက် လူကုန်ကူးသူ ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက ကြာသပတေးနေ့ မနေ့က ကြေညာပါတယ်။

အဲဒီ အသက် ၂ဝ ရှိ Adelina အာဒယ်လီးနား ဆိုတဲ့ မိန်းကလေးကို အင်ဒိုနီးရှားကျေးလက်ကနေ အလုပ်အကိုင် ကောင်းကောင်းရမယ်ဆိုပြီး ဖျားယောင်းခေါ်ယူကာ မှတ်ပုံတင်စာရွက်စာတမ်းအတုတွေနဲ့ မလေးရှားနိုင်ငံကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အိမ်ရှင်က ဦးခေါင်းနဲ့ မျက်နှာကို ညိုမဲအောင် ရိုက်နှက်ခဲ့တဲ့ အဲဒီ မိန်းကလေးကို နိုင်ငံခြား အလုပ်သမား ကာကွယ်ရေးအဖွဲ့တခုက ဆေးရုံပို့ခဲ့ပေမယ့် တနင်္ဂနွေနေ့က ကွယ်လွန် သွားခဲ့ပါတယ်။ ကလေးမရဲ့ အိမ်ရှင်မိသားစုဝင် ၃ ဦးကို ရဲက အခုဖမ်းဆီးထားပါတယ်။
မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှားအလုပ်သမား ၂ သန်းခွဲရှိပြီး လစာနည်းပါးစွာလုပ်ကိုင်နေရတဲ့ သူတို့ကို ထိရောက်စွာ အကာအကွယ်ပေးတဲ့ အလုပ်သမားဥပဒေတွေလည်း မရှိပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese/
အင်ဒိုနီးရှား အိမ်ဖေါ် မလေးရှားမှာ နှိပ်စက်ခံသေဆုံး အင်ဒိုနီးရှား အိမ်ဖေါ် မလေးရှားမှာ နှိပ်စက်ခံသေဆုံး Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.