ဒုက္ခသည် လက်ခံရန် အသင့်ဟု မြန်မာဝန်ကြီး ပြောကြား


မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက မိမိတို့နိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ဖြစ်နေပြီလို့ ဘင်္ဂလားဒေ့ရှ် သမတ Abdul Hamid အဗ်ဒူလ် ဟာမစ်နဲ့ မနေ့က တွေ့ဆုံစဉ်ပြောဆိုကြောင်း ဒါကာက လာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ဟာ မနေ့ မနက်က ဒါကာမြို့ကို ရောက်ရှိခဲ့တာပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့အဖွဲ့ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖေါ်မှာဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောဆိုကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် သမတ ဟာမစ်ကလည်း ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ သူတို့နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်းပြောကြားကာ အဲဒီသူတွေ သိက္ခာရှိစွာနဲ့ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒုက္ခသည် လက်ခံရန် အသင့်ဟု မြန်မာဝန်ကြီး ပြောကြား ဒုက္ခသည် လက်ခံရန် အသင့်ဟု မြန်မာဝန်ကြီး ပြောကြား Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.