လူ(၃၄၀၀)ကျော်နဲ့ ပုံဖော်ခဲ့တဲ့ မြန်မာနိုင်ငံမြေပုံ ကမ္ဘာ့စံချိန်တင်

ဓာတ်ပုံ - Telenor Myanmar
လူ(၃၄၆၆)ယောက်နဲ့ ပုံဖော်ခဲ့တဲ့ မြန်မာနိုင်ငံမြေပုံဟာ အရွယ်အကြီးဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်သွားပြီ ဖြစ်တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန် အဖွဲ့ရဲ့ ဝက်ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 ဒီမြေပုံကို အခုလ (၁၂)ရက် ပြည်ထောင်စုနေ့က မကွေးမြို့ရှိ ခရိုင်အားကစားကွင်းမှာ တယ်လီနောမြန်မာက ပုံဖော်ခဲ့တာဖြစ်ပါတယ်။

 ဒီမြေပုံဟာ အလျား(၂၃၄)ပေ၊ အနံ (၁၀၆)ပေရှိပြီး ဧရိယာ စတုရန်းပေ (၂၄၀၀၀)ကျော် ရှိပါတယ်။

 အဲဒီလို ပုံဖော်နိုင်ဖို့ မကွေးမြို့တက္ကသိုလ် ကောလိပ်(၇)ခုက ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဒေသခံတွေက အပြာရောင်တူညီဝတ်စုံတွေ ၀တ်ဆင်ပြီး ပုံဖော်ခဲ့ တာဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ်က ဗြိတိန်နိုင်ငံမှာ လူ(၈၁၁)ဦးနဲ့ အာဖရိကတိုက်ပုံစံ ပုံဖော်ခဲ့တဲ့ ဂရင်းနစ်စံချိန်ကို ကျော်ဖြတ်ပြီး ဂရင်းနစ်စံချိန်ဝင်သွားခဲ့တာဖြစ်ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ