ပဲခူးရိုးမတောင်ပေါ်မှာ တောဆင်တစ်ကောင် အရေခွံခွာခံရပြီး သေဆုံး


ကျောက်​တံခါးမြို့နယ်​ ပဲခူးရိုးမ​တောင်​​ပေါ် ၁၀မိုင်​နဲ့ ၁၁မိုင်​ကြားမှာ ​တောဆင်​ရိုင်းတစ်​​ကောင်​ အ​ရေခွံခွာခံရပြီး ​သေဆုံး​နေတာကို ​ဖေ​ဖော်​ဝါရီလ ၁၄ရက် ​နေ့လည်​ပိုင်းက ​တွေ့ရှိခဲ့ပါတယ်​။ ​သေဆုံးဆင်​ဟာ ၅နှစ်​အရွယ်​ရှိကာ အစွယ်​မရှိ နှာ​မောင်းအဖြတ်​ခံရပြီး အ​ရေခွံခွာခံရကာ ​သေဆုံး​နေတာဖြစ်​တယ်​လို့ ဖဒိုမြို့နယ်​ရဲစခန်းတာဝန်​ရှိသူ​တွေနဲ့ သစ်​​တောဦးစီးဌာနတာဝန်​ရှိသူ​တွေ စစ်​​ဆေးချက်​အရသိရပါတယ်​။

ဆင်​​သေဆုံးရတဲ့အ​ကြောင်းရင်းကို ​ညောင်​​လေးပင်​မြို့နယ်​ သစ်​ထုတ်​လုပ်​​ရေးဦးစီးဌာနက ဆင်​ဆရာဝန်​က ခွဲစိတ်​စစ်​​ဆေးမှု​တွေပြုလုပ်​သွားမယ်​လို့ သိရပါတယ်​။

သတင်းထောက် - ခင်​ကို(​ကျောက်​တံခါး)
(5 Plus News)
https://www.facebook.com/5plusnews/
ပဲခူးရိုးမတောင်ပေါ်မှာ တောဆင်တစ်ကောင် အရေခွံခွာခံရပြီး သေဆုံး ပဲခူးရိုးမတောင်ပေါ်မှာ တောဆင်တစ်ကောင် အရေခွံခွာခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.