နှစ် နှစ်အရွယ်သားငယ်ကို မြောင်းထဲတွန်းချပြီး သတ်တဲ့ မိခင်အား လူသတ်မှုနဲ့ တရားစီရင်


နွမ်သဘူရီ (ထိုင်း) ဖေဖော်ဝါရီ ၂၇ရက်

ထိုင်းနိုင်ငံ ၊ ဘန်ဘူထောင်းဒေသရှိ တူးမြောင်းတစ်ခုထဲကို နှစ် နှစ်အရွယ် ကလေးငယ်တစ်ယောက်အား တွန်းချပြီး သတ်ခဲ့တဲ့ မိခင်တစ်ယောက်ကို လူသတ်မှုနဲ့ တရားစီရင်လိုက်ပါတယ်။

ဘန်ဘူးထောင်း ရဲစခန်းက အဲဒီ တူးမြောင်းအနီးရှိ CCTV တွေကို စစ်ဆေးကြည့်ရာ အမျိုးသမီးတစ်ယောက်က ကလေးငယ်ရဲ့လက်ကို ဆွဲပြီး တူးမြောင်းပေါ်ရှိ တံတားကို ဖြတ်ကူးဖို့သွားခဲ့ကြောင်း နောက် တစ်နာရီလောက် အကြာမှာ အဲဒီအမျိုးသမီးက တစ်ယောက်တည်း ပြန်လာကြောင်း တွေ့ရှိရပါတယ်။

ရဲတွေက အဲဒီအမျိုးသမီး ဘတ်စ်ကားစီးဖို့ စောင့်နေစဉ်မှာ ဖမ်းဆီးရရှိခဲ့ပါတယ်။ အဲဒီအမျိုးသမီးကို စစ်ဆေးရာ နှစ် နှစ်အရွယ်ကလေးငယ်ကို သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သူမမှာ စိတ်ကျရောဂါ ဖြစ်နေကြောင်းနဲ့သူမ အမျိုးသားနဲ့ကွဲနေကြောင်း၊ သူမဟာ ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းဖြစ်ကြောင်းနဲ့ သူမကပဲ ကလေးကို စောင့်ရှောက် နေရကြောင်း ပြောကြပါတယ်။

အရင်ကတော့ ကလေးကို အဘွားက စောင့်ရှောက်ပေးကြောင်း ဒါပေမယ့် ကလေးငယ်ရဲ့မိခင်နဲ့ အဘွားတို့ စကားများရာကနေ ကလေးငယ်ရဲ့အဘွားက ကလေးငယ်ကို သူမအလုပ်ရှိရာကို ခေါ်လာခဲ့တဲ့ အတွက် စိတ်ရှုပ်ကြောင်းလည်း ပြောပါတယ်။

အခုတော့ အဲဒီကလေးငယ်ရဲ့မိခင်ကို လူသတ်မှုနဲ့ တရားစွဲခံရပြီး အချုပ်ခံထားရပါတယ်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
နှစ် နှစ်အရွယ်သားငယ်ကို မြောင်းထဲတွန်းချပြီး သတ်တဲ့ မိခင်အား လူသတ်မှုနဲ့ တရားစီရင် နှစ် နှစ်အရွယ်သားငယ်ကို မြောင်းထဲတွန်းချပြီး သတ်တဲ့ မိခင်အား လူသတ်မှုနဲ့ တရားစီရင် Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.