အင်ဒိုနီးရှားလူမျိုး ခရစ်ယာန် ၂ ဦး လူမြင်ကွင်းမှာ ကြိမ်ဒဏ်ခံရ


အင်ဒိုနီးရှားနိုင်ငံ အာချယ်ပြည်နယ်မှာ အစ္စလာမ္မစ် ဥပဒေနဲ့ ငြိစွန်းတဲ့ ကစားနည်းတစ်ခုကို ကစားခဲ့တဲ့အတွက် ခရစ်ယာန်ဘာသာဝင် အင်ဒိုနီးရှားလူမျိုး ၂ ယောက်ကို လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးခဲ့ပါတယ်။

အသက် ၆၁ နှစ် နဲ့ ၄၅ နှစ်အရွယ် ခရစ်ယာန်ဘာသာဝင် ၂ ယောက်ဟာ ငွေအကြွေစေ့တွေသုံးပြီး ကစားရတဲ့ ကလေးကစားကွင်းမှာ အကြာကြီးကစားပြီးတဲ့နောက် အဖမ်းခံခဲ့ရပြီး လူမြင်ကွင်းမှာ ကြိမ်လုံးနဲ့ ၇ ချက်စီလောက် ရိုက်နှက်ခံခဲ့ရပါတယ်။ လောင်းကစားလုပ်သူ နောက်တစ်ယောက်ကတော့ ကြိမ်ဒဏ် ၁၉ ချက် ကျခံခဲ့ရပါတယ်။

ကြိမ်ဒဏ်ပေးခံရသူ စုစုပေါင်း ၅ ယောက်ရှိပြီး အဲဒီထဲက နောက်စုံတွဲတစ်တွဲကတော့ လူကြားသူကြားမှာ ဖက်ယမ်းနမ်းရှုံ့တဲ့အတွက် ကြိမ်ဒဏ်ခံရခြင်းဖြစ်ပါတယ်။
အာချယ်ဟာ အင်ဒိုနီးရှားနိုင်ငံထဲမှာ အစ္စလာမ္မစ် ရှာရီရာဥပဒေကျင့်သုံးတဲ့ တစ်ခုထဲသောပြည်နယ်ဖြစ်ပြီး လောင်းကစားလုပ်တာ၊ အရက်သောက်တာနဲ့ အစ္စလာမ်ဘာသာ ဝင်မဟုတ်သူတွေနဲ့ လက်ထပ်တာတွေအတွက် ကြိမ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese
အင်ဒိုနီးရှားလူမျိုး ခရစ်ယာန် ၂ ဦး လူမြင်ကွင်းမှာ ကြိမ်ဒဏ်ခံရ အင်ဒိုနီးရှားလူမျိုး ခရစ်ယာန် ၂ ဦး လူမြင်ကွင်းမှာ ကြိမ်ဒဏ်ခံရ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.