ကန့်​ဘလူမြို့နယ်​တွင်​ ကားတစ်စီး တိမ်းမှောက် မီးလောင်မှုကြောင့် ခရီးသည် ၁ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ
ကန့်​ဘလူမြို့နယ်​တွင်​ ယာဉ်​တိမ်း​မှောက်​မှု​ကြောင့် ခရီးသည်​တစ်​ဦး​သေဆုံး ကိုးဦးဒဏ်​ရာရရှိ။ ။ Photo - Kyaw MinTun 
ကန့်​ဘလူ ​ဖေ​ဖော်​ဝါရီ ၁၅
စစ်​ကိုင်းတိုင်း​ဒေသကြီး ကန့်​ဘလူမြို့နယ်​တွင် ​ဖေ​ဖော်​ဝါရီ ၁၅ ရက်​နံနက်​ ၈ နာရီခန့်​က ​ထောက်​ရှာအိုင်​​ကျေးရွာလမ်းခွဲအနီး တံတားအမှတ်​ ၁/၁၅၀၌ လိုက်​ထရပ်​ယာဉ်​တစ်​စီး တိမ်း​မှောက်​မှု​ကြောင့် ယာဉ်​​ပေါ်လိုက်​ပါလာသူခရီးသည်​ တစ်​ဦး​သေဆုံးကာ ကျန်​ခရီးသည်​ ကိုးဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သိရသည်​။
ကန့်​ဘလူမြို့နယ်​ ​ရွှေဘို-မြစ်​ကြီးနား ကားလမ်းမိုင်​တိုင်​အမှတ်​ ၂၈/၅ နှင့် ၂၈/၄ အကြား ယမ​နေ​ကျေးရွာ၏​မြောက်​ဘက်​ ၄ ဖာလုံခန့်​ အကွာ၊ ​​ထောက်​ရှာအိုင်​​ကျေးရွာလမ်းခွဲအနီး တံတားအမှတ်​ ၁/၁၅၀ တွင်​ ​မြောက်​မှ​တောင်​သို့ ကန့်​ဘလူမြို့နယ်​ ​ရေရှင်​ကြီး​ကျေးရွာ​နေ ယာဉ်​​မောင်း ပြည့်စုံ​အောင်​ ​မောင်းနှင်​ပြီး ခရီးသည်​ ၁၀ ဦးလိုက်​ပါလာ​သော အဖြူ​ရောင်​လိုက်​ထရပ်​ယာဉ်​ MDY 8D/------- သည်​ အရှိန်​မထိန်းနိုင်​ဘဲ လမ်း၏ယာဘက်​ ကားလမ်း​ပေါ်တွင်​ တိမ်း​မှောက်​သွားကာ ခရီးသည်​ ၁၀ ဦးအနက်​ ​ဒေါ်လှရီမှာ ရရှိ​သောဒဏ်ရာဖြင့် အခင်းဖြစ်​​နေရာတွင်​​သေဆုံးသွားသည်​။
ကျန်​ခရီးသည်​ ကိုးဦးမှာ ဒဏ်​ရာ(မစိုးရိမ်​ရ)အသီးသီးရရှိသည့်အပြင်​ ယာဉ်​တိမ်း​မှောက်​မှု​ကြောင့်​ ယာဉ်​မှာ မီး​လောင်​ကျွမ်းသွားခဲ့ရာ ကျပ်​သိန်း ၇၀ ခန့်​ဆုံးရှုံးခဲ့ပြီး ယာဉ်​​မောင်းမှာလည်း ထွက်​​ပြေးတိမ်း​ရှောင်​သွားသည်။
အောင်​ဝင်းငြိမ်း(ကန့်​ဘလူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကန့်​ဘလူမြို့နယ်​တွင်​ ကားတစ်စီး တိမ်းမှောက် မီးလောင်မှုကြောင့် ခရီးသည် ၁ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ ကန့်​ဘလူမြို့နယ်​တွင်​ ကားတစ်စီး တိမ်းမှောက် မီးလောင်မှုကြောင့် ခရီးသည် ၁ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.