မိုးကောင်းမြို့နယ် တောင်နီကျေးရွာအနီးတဝိုက်တွင် အချိန်အခါမဟုတ် မိုးသီးမိုးများရွာသွန်း


မိုးကောင်း - ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီကျေးရွာအနီးတဝိုက်တွင် ဖေဖော်ဝါရီ၁၅ရက် နံနက်၁၁နာရီခွဲက အချိန်အခါမဟုတ် မိုးသီးမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။

‘‘ဒီနေ့မနက် ၁၁နာရီခွဲလောက်က မိုးတွေမည်းတက်လာပြီး ဗြုန်းစားကြီး ဆိုသလို လက်မလောက်ရှိတဲ့ မိုးသီးတွေရွာချလိုက်တာ စိုက်ခင်းတွေထဲမှာ မိုးသီးတွေဖွေးသွားပါတယ် စိုက်ခင်းတွေကတော့ ပျက်စီးဆုံးရှုံးမှုမရှိပါဘူး မိုးသီးကျချိန်ကတော့ ၂၅မိနစ်လောက်ကြာပါတယ်’’ဟု တောင်နီကျေးရွာ ဆူးပုတ်စိုက်ခင်းများအား သွားရောက်ကြည့်ရှုခဲ့သူ မိုးကောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်လွင်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများထံမှ သိရသည်။

ဝင်းနိုင် (ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးကောင်းမြို့နယ် တောင်နီကျေးရွာအနီးတဝိုက်တွင် အချိန်အခါမဟုတ် မိုးသီးမိုးများရွာသွန်း မိုးကောင်းမြို့နယ် တောင်နီကျေးရွာအနီးတဝိုက်တွင် အချိန်အခါမဟုတ် မိုးသီးမိုးများရွာသွန်း Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.