အင်း​တော်​မြို့နယ်​အတွင်းမှာ ကျောက်​စိမ်းအရိုင်းတုံး (၄၇၅)ပိဿာဖမ်းမိ


ကသာ - ဖေဖော်ဝါရီ ၂၈

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်​၊ အင်း​တော်​မြိုနယ်​အတွင်း​ ရွှေဘို - မြစ်​ကြီးနားသွား ကားလမ်း​ပေါ်ရှိ နဘားလမ်းဆုံ​နေရာမှ တရားမဝင် ​သယ်​​ဆောင်​လာ​သော ​ကျောက်​စိမ်းအရိုင်းတုံး (၄၇၅) ပိဿာကို သယ်​​ဆောင်​လာသူနှစ်​ဦးနှင့်​ အတူ ဖမ်းမိခဲ့​ကြောင်း သိရပါသည်​။

ဖြစ်​စဉ်​မှာ ဖေဖော်ဝါရီ ၂၇ ရက်​​နေ့ည(၁၁)နာရီအချိန်​ခန့်​တွင်​ မူးယစ်​တပ်​ဖွဲ့စု(၆) ကသာမှ ရဲအုပ်​ ​ကျော်​စိုးလင်းဦး​ဆောင်​​သော မူးယစ်​ရဲတပ်​ဖွဲ့ဝင်​များသည်​ သက်​​သေများနှင့်​အတူ အင်း​တော်​မြို့နယ်​အတွင်းရှိ​ ရွှေဘို - မြစ်​ကြီးနား သွားလမ်း​ပေါ် နဘားလမ်းဆုံတွင်​ သတင်းအရ ​စောင့်​ဆိုင်း​နေစဉ်​ မိုးညှင်းမြို့ဘက်​မှ​ ကျော်​မြင့်​လွင်​(ခ)အာကာလွင်​ဆိုသူ ​မောင်းနှင်​ပြီး ထွန်း​ဇော်​ဦး(ခ)​မောင်​ထွန်း လိုက်​ပါလာ​သော 2H ----- ယာဉ်​အား မသင်္ကာ၍ ရပ်​တန့်​ စစ်​​ဆေးရာ ယာဉ်​​မောင်​၏ ​ရှေ့ဒက်​စ်​ဘုတ်​​ပေါ်မှ ဟင်း​ဆက်​နှစ်​လုံးနှင့်​အတူ ဘိန်းစိမ်း ၅ ဂရမ်​အား​တွေ့ရှိရ၍ ၎င်းယာဉ်​အား အ​သေးစိတ်​ရှာ​ဖွေ စစ်​​ဆေးရာ ယာဉ်​၏ကြမ်းခင်းအတွင်း၌ အံဝှက်​များပြုလုပ်​၍ သယ်​​ဆောင်​ လာ​သော​ တရားမဝင် ​​ကျောက်​စိမ်းအရိုင်းတုံး(၉၂)တုံး၊ အ​လေးချိန်​(၄၇၅)ပိဿာ ရှာ​ဖွေစစ်​​ဆေး​တွေ့ရှိရသဖြင့် တရားမဝင်​​ကျောက်​စိမ်းအရိုင်းတုံးများ သယ်​​ဆောင်​လာသူ ​ကျော်​မြင့်​လွင်​(ခ)အာကာလွင်​၊ ဆင်​ဘိုကုန်း​ကျေးရွာ၊ မိုးညှင်းမြို့နယ်​​နေသူနှင့် ထွန်း​ဇော်​ဦး(ခ)​မောင်​ထွန်းတို့နှစ်​ဦးအား အင်း​တော်​မြို့မရဲစခန်းမှ ဥပ​ဒေအရ ဖမ်းဆီးအ​ရေးယူ​ ဆောင်​ရွက်​ထား​ကြောင်း ရဲအုပ်​​ကျော်​စိုးလင်းမှ ​ပြောပြသိရှိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်း​တော်​မြို့နယ်​အတွင်းမှာ ကျောက်​စိမ်းအရိုင်းတုံး (၄၇၅)ပိဿာဖမ်းမိ အင်း​တော်​မြို့နယ်​အတွင်းမှာ ကျောက်​စိမ်းအရိုင်းတုံး (၄၇၅)ပိဿာဖမ်းမိ Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.