ပဲခူးမှာ ကြက်အသေ၊ အပုပ် ရောင်းချသူတွေကို အရေးယူပြီ


ပဲခူး၊ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး အတွင်းစား သုံးသူတွေကို အဆိပ် သင့်ပြီးဘေး ဥပါတ် အန္တရာယ်ဖြစ်စေနိုင်တဲ့ကြက်အသေ၊ အပုပ် ရောင်းချ/ဖြန့်ဖြူးသူတွေ၊ အညှော်နံ့နဲ့ အနံ့ဆိုးတွေ ထွက်အောင်ကြော်လှော်၊ စွန့်ပစ် သူတွေကို အရေးယူမှုတွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ပဲခူး တိုင်းေ ဒသကြီး၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှုး ဦးဌေးအောင်ကပဲခူးတိုင်းဒေသကြီး အတွင်း ပြည်သူတွေ စားသုံးဖို့မသင့်တဲ့ ကြက်အသေ၊ အပုတ်တွေ ရောင်းချနေသူတွေကို အရေးယူပေးဖို့ တိုင်ကြား ခဲ့တာပါ။

အဲဒီတိုင်ကြားမှု့နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ၂၇ရက်နေ့က ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၇)ရှိကြက်အသေ၊ အပုတ် ရောင်း ချသူ ဦးကျော်မင်းထင်(ပါ)၄ဦးကို ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းက (ပ)၁၆၈/၂၀၁၈၊ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(က)အရ အမှုဖွင့်လှစ်ပြီး အမှုစစ်ဒုရဲအုပ်ထွန်းအောင်နိုင်က စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဧရာ(ပဲခူး)
Channel B Media Group
https://www.facebook.com/ChannelBMediaGroup
ပဲခူးမှာ ကြက်အသေ၊ အပုပ် ရောင်းချသူတွေကို အရေးယူပြီ ပဲခူးမှာ ကြက်အသေ၊ အပုပ် ရောင်းချသူတွေကို အရေးယူပြီ Reviewed by THITHTOOLWIN on 16:43 Rating: 5
Powered by Blogger.