ရန်ကုန်လေဆိပ်၌ ခရီးသည် ၁ ဦးထံမှ ရွှေ ၃၅ ကျပ်သား သိမ်းဆည်းရမိ


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁၁၅၅ အချိန်တွင် မင်္ဂလာဒုံမြို့နယ် ရန်ကုန်လေဆိပ် Terminal-1 X-Ray စက်၌ လေဆိပ် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မယတစု(၄၅)မှ တပ်ဖွဲ့ဝင်များနှင့် လေဆိပ်ဝန်ထမ်းများပါပူးပေါင်းအဖွဲ့သည် MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ အိန္ဒိယနိုင်ငံ ဂါယာလေဆိပ်သို့ လိုက်ပါမည့်ခရီးသည် မအိမွန်အောင်(၂၆)နှစ်၏ခရီးဆောင်အိတ်အတွင်း မှ ရွှေ ဟုယူဆရသော ပုံရိပ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ပိုက်ဆံအိတ်ကိုင်းအတွင်းမှ ပိုက်ဆံအိတ် ကိုင်း ပုံသဏ္ဍာန် ရွှေ ၂၀ ကျပ်သား တွေ့ရှိသဖြင့် ၎င်း၏ခန္ဓာကိုယ်အား ဆက်လက်ရှာဖွေစဉ် ဦးခေါင်း၌ တပ်ဆင်ထားသည့် ဘီးကုတ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ၁၃ ကျပ်သားခန့် ရွှေပြား ၁ ပြား၊ ယာဘက်လက်၌ ဝတ်ဆင်ထားသည့် ၂ ကျပ်သားခန့်ရှိ ရွှေလက်ကောက် ၁ ကွင်း၊ စုစုပေါင်း ရွှေ ၃၅ ကျပ်သားအား သိမ်းဆည်းရမိခဲ့သဖြင့်မေးမြန်းရာ ရွှေများအား ရွှေဘုံသာလမ်းရှိ ×××××××× ရွှေဆိုင် မှ အခေါက်ရွှေ ဝယ်ယူခဲ့ပြီး အဆိုပါလမ်းနေ ××××××××ထံ၌ နန်းဆွဲ ပုံသွင်းခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ရောက်ရှိပါက ရတနာဗောဓိကျောင်းတွင် ၇ရက်ခန့် တည်းခို နေထိုင်ကာ ဝယ်လက်ရှာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သိမ်းဆည်းရမိသည့် ရွှေထည်ပစ္စည်းများအား လေဆိပ်အကောက်ခွန်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်ထက်ထွန်းမှ တားမြစ်ပစ္စည်းအဖြစ် သိမ်းဆည်းပြီး စတင်သိမ်းဆည်းသည့် ရက်မှ ၁၄ ရက်အတွင်း ပစ္စည်းပိုင်ရှင်သည် အကောက်ခွန်ဦးစီးဌာနရှိ ကာကွယ်ရေးဌာန၌ တရားဝင် တင်ပို့ခွင့်အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ထုခြေရှင်းလင်းရမည်ဖြစ်ကြောင်း၊ စာရွက် စာတမ်းများ ကိုက်ညီမှန်ကန်ပါက ပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ပထမအကြိမ် ထုချေ ဖြေရှင်းခြင်းမရှိပါက ဒုတိယအကြိမ်၊ တတိယအကြိမ် အကြောင်းကြားစာပေးပို့မည်ဖြစ်ကြောင်း၊ လာ ရောက် ရှင်းလင်းထုတ်ယူခြင်းမရှိပါက ၁၈၇၈ ခုနှစ် ပင်လယ်ကြောင်း အကောက်ခွန်ဥပဒေ ၁၆၇ (၈) နှင့်၁၉၂၄ ခုနှစ် ကုန်းလမ်းအကောက်ခွန်ဥပဒေ၇(၁)တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
ရန်ကုန်လေဆိပ်၌ ခရီးသည် ၁ ဦးထံမှ ရွှေ ၃၅ ကျပ်သား သိမ်းဆည်းရမိ ရန်ကုန်လေဆိပ်၌ ခရီးသည် ၁ ဦးထံမှ ရွှေ ၃၅ ကျပ်သား သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 13:20 Rating: 5
Powered by Blogger.