ပေါင်းတည်မြို့တွင် ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ ဖေဖော်ဝါရီ (၁၇) ရက် နေ့လယ်(၃) နာရီ က ရန်ကုန်-ပြည်လမ်း မြို့နယ်ထွေအုပ် ရုံးရှေ့ ရန်ကုန် ပြည် လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွား
ရာက အမျိုးသား(၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်ကနေ ပြည်ဘက်ကို မောင်းနှင်လာတဲ့ Honda wave (110)အနက်ရောင် ဆိုင်ကယ်ကို လားရာတူ နောက်ဘက်ကနေ မောင်းနှင်လာတဲ့ (၆) ဘီးယာဉ် က ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

 ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူဟာ ဦးခေါင်းကွဲကြေဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ဆိုက်ကယ်မှာ အနည်းငယ်ခန့် ပျက်စီးခဲ့ပြီး ပေါင်းတည်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ကာ ထွက်ပြေးတိမ်းရှောင်သူ ယာဉ်မောင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို တင်ဝင်းဇော် မင်းသားကြီးက ပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb
ပေါင်းတည်မြို့တွင် ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး ပေါင်းတည်မြို့တွင် ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.