KIO မြစ်ကြီးနား တိုက်နယ်ရုံးမှ ကြေညာချက် ထုတ်ပြန်


February 17, 2018|

 KNG ကချင် လွတ်လပ်ရေး အဖွဲ့ KIO မြစ်ကြီးနား တိုက်နယ်ရုံး မှ မြစ်ကြီးနားမြို့ စီးပွားရေး လုပ်ငန်းရှင်များ ကို ဆင့်ခေါ်သည့် ကြေညာချက်ကို ဖေဖေါ်ဝါရီ (၁၇)၊ ယနေ့ ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များ အားလုံး မနက်ဖြန် ဖေဖေါ်ဝါရီ (၁၈) ရက်နေ့မှာ သက်ဆိုင်ရာ KIO မြစ်ကြီးနား တိုက်နယ် အုပ်ချုပ်ရေးရုံး သို့ ပေးထားသည့် ဆက်သွယ်ရေး ဖုန်းအတိုင်း အကြောင်း ကြားပြီး လာရောက် တွေ့ဆုံရမည် ဖြစ်ကြောင်း မြန်မာဘာသာဖြင့် ထုတ်ပြန်သည့် ကြေငြာချက် တွင် အသိအလင်း ဖေါ်ပြထားသည်။

ယခုလို စီးပွားရေးလုပ်ငန်းရှင်းများကို ကြေညာချက် ထုတ်ပြန် ဆင့်ခေါ်ရခြင်းသည် “မိမိတို့ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်း အား ဘဏ္ဍာရေး အရ သော်လည်းကောင်း၊ အခြားသော အကူအညီမျိုးကိုသော် လည်းကောင်း ပံ့ပိုးကူညီေ ပေးစေရန်အတွက် ညှိနှိုင်းဆွေးနွေးလိုပါသဖြင့်” ဟု ဆိုပါသည်။

ဆက်လက်ပြီး “ဤ ဆင့်ခေါ်စာ ရလျှင် ရခြင်း အောက်ဖော်ပြပါ နေ့ရက် အချိန် (မနက်ဖြန် ဖေဖေါ်ဝါရီလ၁၈ ရက်) မပျက်မကွက် လာရောက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပါရန် လေးစားစွာဖြင့် ဆင့်ခေါ် အပ်ပါသည်” ဟု ထုတ်ပြန်ထားသည်။

Kachin News Group
https://www.facebook.com/theKachinNews
KIO မြစ်ကြီးနား တိုက်နယ်ရုံးမှ ကြေညာချက် ထုတ်ပြန်  KIO မြစ်ကြီးနား တိုက်နယ်ရုံးမှ ကြေညာချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 23:15 Rating: 5
Powered by Blogger.