အထူးသတင်းထောက်ကိစ္စအပေါ် အရေးယူ​ပေးရန် ပြောဆိုထားကြောင်း ဦးဇော်ဌေးပြော


နေပြည်​​တော်​၊ ​ဖေ​ဖော်​ဝါရီ ​၂၂။

ပြည်ထဲရေးအရာရှိဟောင်းများပါဝင်နေသည့် အထူးသတင်းထောက်ကိစ္စရပ်များအပေါ် အရေးယူရန် ပြည်ထဲရေးသို့ ပြောဆိုထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“အထူးသတင်းထောက်ဆိုပြီးတော့ ဒီလိုမျိုး လူထုအပေါ်နိုင်ထက်စီးနင်းလုပ်နေတာတွေမလုပ်ဖို့ ကိစ္စကိုလည်း ပြည်ထဲရေးကို ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ အထူးသတင်းထောက်အသင်းအဖွဲ့တွေရဲ့ နာယကတွေက အရင်တုန်းက ပြည်ထဲရေးက အရာရှိကြီးအဟောင်းတွေ ဖြစ်နေတယ်။ လက်ရှိမှာလည်း တစ်ချို့ က ပတ်သက်မှုတွေရှိတယ်ဆိုတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနရယ်​ ရဲချုပ်ရယ်​ အကုန်လုံးကို ​ပြောထားတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံး၌ ဒုတိယအကြိမ် မဏ္ဍိုင် ၄ ရပ်အလုပ်ရုံဆွေးနွေးပွဲ ခေတ္တနားချိန်တွင် သတင်းထောက်များ၏ အထူးသတင်းထောက်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုအပြင် အထူးသတင်းထောက်များဝတ်စုံသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ယူနီဖောင်များနှင့် ဆင်တူရိုးမှားဖြစ်နေခြင်းကြောင့် ၀တ်ဆင်ခြင်းမပြုလုပ်ရန် ပြည်ထဲရေးမှလည်း ကြော်ငြာချက်ထုတ်ပြန် ထားပြီးဖြစ်ကြောင်း သိရှိရသည်။

အထူးသတင်းထောက်များမှ မတရားငွေကြေးတောင်းခံနေမှုများ ရှိနေသည်ဟု လူမှုကွန်ယက်စာမျက် နှာများတွင် ဓါတ်ပုံ၊ ရုပ်သံများဖြင့် ဖော်ပြ၍ ပြောဆိုမှုများလဲရှိကြောင်း သိရှိရသည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar
အထူးသတင်းထောက်ကိစ္စအပေါ် အရေးယူ​ပေးရန် ပြောဆိုထားကြောင်း ဦးဇော်ဌေးပြော အထူးသတင်းထောက်ကိစ္စအပေါ် အရေးယူ​ပေးရန် ပြောဆိုထားကြောင်း ဦးဇော်ဌေးပြော Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.