တောင်အာဖရိက နိုင်ငံ ရှိ ရဲစခန်း တစ်ခု တိုက်ခိုက်ခံရ လူပေါင်း ၆ ဦး သေဆုံး

တောင်အာဖရိက နိုင်ငံ ရှိ ရဲစခန်း တစ်ခု တိုက်ခိုက်ခံရ လူပေါင်း ၆ ဦး သေဆုံး
  ဂျိုဟန်နက်စ်ဘတ် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

    တောင်အာဖရိက နိုင်ငံ ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် အမည်မသိသေးသည့် လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦး က Eastern Cape ပြည်နယ် Engcobo မြို့ ရှိ ရဲစခန်း တစ်ခု ကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး နှင့် အငြိမ်းစား အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များတွင် လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦး က ရဲစခန်း အတွင်းသို့ ဝင်ရောက် လာခဲ့ပြီး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့များကို ပစ်ခတ်ခဲ့ရာ နေရာတွင် ၃ ဦး သေဆုံးခဲ့ကြောင်း ၊ ထိုနောက် ၄င်းက ရဲတပ်ဖွဲ့ မှ ကားတစ်စင်း နှင့်အတူ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကို ဖမ်းဆီးသွား ခဲ့ကြောင်း ၊ ထွက်ပြေးနေစဉ် အတွင်း အငြိမ်းစား အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး ကို ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့၏ ကားကို ရဲစခန်း နှင့် ၆ ကီလိုမီတာ အကွာအဝေး နေရာ တွင် ပြန်လည် တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ၊  တိုက်ခိုက်သူ အနေဖြင့် ရဲစခန်း မှ လက်နက်များ ကိုလည်း ယူဆောင်သွားကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ အနေဖြင့် တိုက်ခိုက်ခံရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ မသိရှိသေးဘဲ ကနဦး စစ်ဆေးချက်များအရ တိုက်ခိုက်သူ အနေဖြင့် ရဲစခန်း အနီးရှိ ATM စက် မှ ငွေများကိုလည်း လုယူသွားခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://xinhuamyanmar.com

တောင်အာဖရိက နိုင်ငံ ရှိ ရဲစခန်း တစ်ခု တိုက်ခိုက်ခံရ လူပေါင်း ၆ ဦး သေဆုံး တောင်အာဖရိက နိုင်ငံ ရှိ ရဲစခန်း တစ်ခု တိုက်ခိုက်ခံရ လူပေါင်း ၆ ဦး သေဆုံး Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.