ပြန်လည်လက်ခံရေးစခန်းတွေကို သံအမတ်တွေ သွားရောက်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်တဲ့ သံအမတ်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က စစ်တွေလေဆိပ်မှာတွေ့ရစဉ်/ Photo: Min Thein Aung/RFA
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူနိုင် ငံတွေက သံအမတ်ကြီးတွေဟာ မောင်တောမြို့နယ်က တောင်ပြိုလက်ဝဲ၊ ငခူရ ပြန်လည်လက်ခံရေး စခန်းတွေနဲ့ လှဖိုးခေါင်ကြားခံစခန်းကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။

ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး အခြေအနေတွေကို အဓိက လာရောက်လေ့လာတာဖြစ်တယ် လို့ မောင်တော ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး က ပြောပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းနဲ့ သံအမတ်ကြီးတွေဟာ ဒီနေ့မနက်က စစ်တွေလေဆိပ်ကနေ တဆင့် တပ်မတော်ရဟတ်ယာဉ်နဲ့ နေ့ချင်းပြန် သွားရောက်ကြတာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးက တာဝန်ရှိသူတွေလည်း အတူလိုက်ပါခဲ့ကြ ပါတယ်။

မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေနောက်ပိုင်း တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲနဲ့ ငခူရ နေရာနှစ်ခုကနေ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံ သဘောတူထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလက်ခံရေးစခန်းတွေကနေ ဒီနေ့အချိန်အထိ ဘယ်သူမှ ပြန်လာတာမရှိသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese
ပြန်လည်လက်ခံရေးစခန်းတွေကို သံအမတ်တွေ သွားရောက် ပြန်လည်လက်ခံရေးစခန်းတွေကို သံအမတ်တွေ သွားရောက် Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.