တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် နေအိမ်တစ်လုံးမှာ ကြိုးဆွဲချ သတ်သေမှုဖြစ်ပွား


တာချီလိတ်၊ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အိမ်အမှတ် (၂/၁၀)မှာ အသက် (၆၅)နှစ်အရွယ် ဦးလုံးဟောင် ဆိုသူက နေအိမ်ရှိ ပန်ကာဝါယာကြိုးဖြင့် ယနေ့ ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့ နံနက်ပိုင်းက မိမိကိုယ်မိမိ ကြိုးဆွဲချ သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ မယ်ခေါင်ရပ်ကွက် အိမ်အမှတ် (၂/၁၀)မှာ ယနေ့ နံနက် (၇)နာရီခွဲအချိန်ခန့်က ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရ တာချီလိတ် မြို့မရဲစခန်း မှ ဒု-ရဲမှူးကြည်စိုး ဦးစီးတဲ့ တပ်ဖွဲ့ဝင်များ၊ မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာချီလိတ် နာရေး ကူညီရေးအသင်း အဖွဲ့ဝင်များ၊ အသိသက်သေများနဲ့ အတူ သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်မှာ နေထိုင်တဲ့ ဦးလုံးဟောင် (၆၅)နှစ်က နေအိမ်ရှိ ပန်ကာ ၀ါယာကြိုးဖြင့် တံခါးသံတန်းမှာ မိမိကိုယ်မိမိ ကြိုးဆွဲချလျက် သေဆုံးနေတာ ကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဖြစ်စဉ်ကို စုံစမ်းရာ သေဆုံးသူမှာ နာတာရှည်ရောဂါများ ခံစားနေရသူဖြစ်ပြီး နာတာရှည် ရောဂါများ ကို ဆက်လက် မခံစားနိုင် တော့သဖြင့် မိမိကိုယ်မိမိ သတ်သေတာဖြစ်တယ်ဟု သိရပါတယ်။
အဲဒီနောက် သေဆုံးသူ ဦးလုံးဟောင် (၇၅)နှစ်ကို တာချီလိတ်နာရေး ကူညီမှုအသင်း အကူအညီနဲ့ ခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး တာချီလိတ် မြို့မရဲစခန်းမှ သေမှုသေခင်း အမှုအမှတ် (၄/၂၀၁၈) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် နေအိမ်တစ်လုံးမှာ ကြိုးဆွဲချ သတ်သေမှုဖြစ်ပွား တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် နေအိမ်တစ်လုံးမှာ ကြိုးဆွဲချ သတ်သေမှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:57 Rating: 5
Powered by Blogger.