အောင်လံမြို့မြောက်ဘက် ဘုရားတောင်ဗွေကျေးရွာအနီး မော်တော်ယာဉ်တိမ်းမှောက်ကာ လူတစ်ဦးသေဆုံး


အောင်လံ၊ဖေဖော်ဝါရီ၂၄။

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့မြောက်ဘက် ဘုရားတောင်ဗွေကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲ၂နာရီက မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကာ လူတစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောင်လံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ရဲအုပ်ထွန်းထွန်းလင်းသည် ဖေဖော်ဝါရီ၂၃ရက်မွန်းလွဲ၂နာရီက တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် အောင်လံမြို့မြောက်ဘက် ဘုရားတောင်ဗွေကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့မရဲတပ်ဖွဲ့စခန်းမှူးဒုရဲမှူးစိုးညွန့်ဦးနှင့် တပ်ဖွဲ့ဝင်များ အသိသက်သေများဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 အောင်လံမြို့မြောက်ဘက် ၈မိုင်အကွာ ဘုရားတောင်ဗွေကျေးရွာအနီး မိုင်တိုင်အမှတ်၂၃၀/၄နှင့်၂၃၀/၅အကြားတွင် ယာဉ်မောင်းလပြည့်ဝန်း(ခ)ဂျော်နီ (၂၈)နှစ်(ဘ)ဦးတင်ဝင်း ပိတောက်ကုန်းကျေးရွာ အောင်လံမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ် 5H/2992ဒေါင်ဖန်းခြောက်ဘီးအဖြူရောင်ယာဉ်သည် ပြည်လမ်းအတိုင်း တောင်မှမြောက်(အောင်လံမှမကွေး)ဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိင်ကာ ပြည်လမ်မဘေး ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းသူမှာ ဦးခေါင်းပိကြေဒဏ်ရာဖြင့် သေဆုံးနေကြောင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်အရ ယာဉ်မဆင်မခြင်မောင်းနှင်သူအား အောင်လံမြို့မရဲစခန်းမှ ယာဉ် (ပ) ၁၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ၃၀၄က အရစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ညီမှူ (မြေလတ်ဒေသ)
Myae Latt Region News Agency
https://www.facebook.com/MLRnewsagency
အောင်လံမြို့မြောက်ဘက် ဘုရားတောင်ဗွေကျေးရွာအနီး မော်တော်ယာဉ်တိမ်းမှောက်ကာ လူတစ်ဦးသေဆုံး အောင်လံမြို့မြောက်ဘက် ဘုရားတောင်ဗွေကျေးရွာအနီး မော်တော်ယာဉ်တိမ်းမှောက်ကာ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.