မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် စိန့်မာတင်ကျွန်းတွင် စိတ်ကြွဆေးပြား သုံးသိန်းနှစ်သောင်းဖမ်းမိ


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် နတ်မြစ်ဝတွင် တည်ရှိသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း (ရခိုင်အခေါ်အုန်းကျွန်း)တွင် စိတ်ကြွဆေးပြား ၃သိန်း ၂သောင်းကို ဘင်္ဂလာဒေ့ရှ်ကမ်း ခြေစောင့်တပ်က ဖမ်းမိသည်ဟု Cox’bazar News တွင် သတင်းဖော်ပြသည်။

၎င်းဆေးပြားများကို ဘင်္ဂလာဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး ဖွိုင်ဒိန်ဖိခ်ျ ချော်ဒူရီက ဦးဆောင်ဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

တန်ဖိုးအားဖြင့် တာကာ ၁၆ ကုဋေဖိုးခန့်ရှိကြောင်း၊ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ရှာဖွေ ဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း၊ တရားခံ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သတင်းတွင် ရေးသား ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် စိန့်မာတင်ကျွန်းတွင် စိတ်ကြွဆေးပြား သုံးသိန်းနှစ်သောင်းဖမ်းမိ မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် စိန့်မာတင်ကျွန်းတွင် စိတ်ကြွဆေးပြား သုံးသိန်းနှစ်သောင်းဖမ်းမိ Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.