သန်လျင်၌ ပြည်တွင်းဖြစ် နိုင်ငံခြား အရက်အတုများနှင့်အတူ ပြုလုပ်ရောင်းချသူအား ဖမ်းဆီးရမိ


ရန်ကုန် ဖေဖေါ်ဝါရီ ၁၂

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် အောင်ချမ်းသာ ၂ ရပ်ကွက် ကသစ်ဝိုင်လမ်း၌ ဖေဖေါ်ဝါရီ ၁၀ ရက် (၀၀း၄၅) အချိန်က ပြည်တွင်းဖြစ် နိုင်ငံခြားအရက်အတုများ အရက်အတုထုတ်လုပ်ပစ္စည်းများနှင့် ရောင်းချသူအား ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့နယ်အတွင်း ပြည်တွင်းဖြစ် နိုင်ငံခြားအရက် အတုများ ထုတ်လုပ်၍ လိမ်လည်ရောင်းချနေကြောင်းသတင်းအရ သန်လျင်မြို့နယ်ရဲစခန်းမှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး စောထွန်းသည် ရဲတပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ သန်လျင်မြို့ အောင်ချမ်းသာ ၂ ရပ်ကွက် ကသစ်ဝိုင်လမ်း အမှတ် ခ/၅၂၀ နေ ကိုဇော်မင်းသူ အသက် (၄၃) နှစ် နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ကြောင်းသိရသည်။

ထိုသို့ သက်သေများနှင့်အတူဝင်ရောက်ရှာဖွေရာ ပြည်တွင်းလုပ် နိုင်ငံခြားတံဆိပ်ပါ အရက်မျိုးစုံ ၉၉ ပုလင်းနှင့် အရက်အတု ထုတ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းများအား ရှာဖွေတွေ့ရှိသဖြင့် သက်သေများအရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်းသိရသည်။ အဆိုပါ အမှုအား သန်လျင်မြို့မရဲစခန်းမှအမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သန်လျင်၌ ပြည်တွင်းဖြစ် နိုင်ငံခြား အရက်အတုများနှင့်အတူ ပြုလုပ်ရောင်းချသူအား ဖမ်းဆီးရမိ သန်လျင်၌ ပြည်တွင်းဖြစ် နိုင်ငံခြား အရက်အတုများနှင့်အတူ ပြုလုပ်ရောင်းချသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:43 Rating: 5
Powered by Blogger.