သပိတ်ကျင်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွားရာ လူ ၂ ဦး မီးလောင်သေဆုံး

 မြင်သာကျေးရွာ၌ မီးလောင်ကျွမ်းမှုအား တွေ့ ရစဉ် (ဓာတ်ပုံ- Ministry of Home Affairs, Myanmar)
 ဖေဖော်ဝါရီ ၁၈ ရက် ည ၁၁ နာရီ ၄၀ မိနစ် အချိန်တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာ၌ ဘတ္ထရီအိုးဖြင့် မီးထွန်းထားရာမှ ၀ါယာရှော့ ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၂၂၄၀ အချိန်၌ သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာရှိ ဦးသောင်းဌေး (၅၇)နှစ် ၏နေအိမ်၌ ဘက္ထရီအိုးဖြင့် မီးထွန်းထားရာမှ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ (၂)ခန်း ပတ်လည်မြေစိုက်သွပ်မိုး၊ ထရံကာနေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၂၂၅၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

 ဦးသောင်းဌေးနှင့် ၎င်း၏သားဖြစ်သူ ဖိုးပိန်(၇)နှစ်တို့မှာ မီးလောင်သေဆုံးသွား
အဆိုပါမီးလောင်မှုကြောင့် ဦးသောင်းဌေးနှင့် ၎င်း၏သားဖြစ်သူ ဖိုးပိန်(၇)နှစ်တို့မှာ မီးလောင်သေဆုံးသွားခဲ့သဖြင့် ဦးသောင်းဌေး(သေဆုံး)အား သပိတ်ကျင်းမြို့မရဲစခန်း(ပ)၃၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က (မီးလောင်မှု/ပေါ့လျော့မှုကြောင့်လူသေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သစ်ထူးလွင်

သပိတ်ကျင်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွားရာ လူ ၂ ဦး မီးလောင်သေဆုံး သပိတ်ကျင်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွားရာ လူ ၂ ဦး မီးလောင်သေဆုံး Reviewed by THITHTOOLWIN on 15:42 Rating: 5
Powered by Blogger.