မြေပုံမြို့နယ်တွင် လုပ်သေနပ် ၂ လက်နှင့်​အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


ရခိုင်ဂေဇက်၊ ဖေဖော်ဝါရီ ၁၉

မြေပုံမြို့နယ်၊ ပြည့်ချောင်းကျေးရွာတွင် ကျေးရွာသားများ၏ သတင်းပေးပို့ချက်အရ လုပ်သေနပ် ၂ လက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြေပုံမြို့နယ်ရဲစခန်းမှ သိရသည်။

လက်နက်များကို ဖမ်းဆီးရမိသူမှာ ပြည့်ချောင်းကျေးရွာနေ (ဘ) ဦးမောင်သာအေး၏ သား ဦးလှရွှေဖြစ်ပြီး နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာမှ ပြောင်းအရှည် ၂ ပေ ၁၀ လက်မ လုပ်သေနပ်တစ်လက်နှင့် ပြောင်းအရှည် (၂) ပေ ၁ လက်မရှိသော လုပ်သေနပ်နှင့် ယမ်းစိမ်း ခဲသီး၊ ယမ်းခွေ ၉၀ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

“လုပ်သေနပ်တွေ ကိုင်လို့မိတာဖြစ်ပါတယ်။ အဲဒီပြည့်ချောင်းကျေးရွာမှာနေတဲ့ ဦးလှရွှေရဲ့ အိမ်ဆီက ဖမ်းမိတာ ပါ။ ရွာကလူတွေရဲ့ သတင်းပေးလို့ သူရဲ့အိမ်ကို သွားရောက်ရှာဖွေတဲ့အခါမှာ ဖမ်းမိတာ ဖြစ်ပါတယ်။ လုပ်သေ နတ် ၂ လက်၊ ခဲသီး ၉လုံး၊ ယမ်းခွေပေါ့။ နောက် ကျောပိုးအိပ်တစ်လုံးတို့ကို တွေ့ရှိပါတယ်။ သူ့ကိုလည်း အမှုဖွင့်ဆောင်ရွက်တာတွေလည်း လုပ်ထားပါတယ်။” မြေပုံမြို့နယ်မှူး ရဲမှူး ပြောသည်။

အမှုနှင့်ပတ်သက်​၍ ဦးလှရွှေအား စစ်ဆေးမေးမြန်းရာ အဆိုပါ လက်နက်များကို ပေါက်တောမြို့နယ် ဖတူအုပ်စု၊ အောင်လှပြင်ကျေးရွာနေ ဦးကျော်ထွန်းစံထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း တရားမ၀င်လုပ်သေနပ် ကိုင်ဆောင်သူ ဦးလှရွှေနှင့် ဦးကျော်ထွန်းစံတို့အား လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

အေး​အေးသန်း
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မြေပုံမြို့နယ်တွင် လုပ်သေနပ် ၂ လက်နှင့်​အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ မြေပုံမြို့နယ်တွင် လုပ်သေနပ် ၂ လက်နှင့်​အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.