အဓမ္မပြုကျင့်သူ အငှားယဉ်မောင်းကို သေဒဏ်ပေးဖို့ တောင်းဆို

FDA ဒုတိယဦးစီးမှူး မရွှေရည်ဝင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနဲ့ ဖမ်းဆီးထားတဲ့ အငှားယာဉ်​​မောင်း မျိုးဇော်ဦး ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စဉ်/ Photo: Thant Zin Oo/RFA
အစား၊ အသောက်နဲ့ ဆေးဝါးကြီးကြပ်မှုကွပ်ကဲရေးဌာန (FDA)က ဒုတိယဦးစီးမှူး မရွှေရည်ဝင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အငှားယာဉ်​​မောင်း မျိုးဇော်ဦးကို သေဒဏ်ပေးဖို့ အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ တောင်းဆိုကြပါတယ်။

မြန်​မာအမျိုးသမီးများ ​စောင့်​​ရှောက်​​ရေးအဖွဲ့ဝင် မနှင်းရည်အေးက တရားဥပဒေပီပီပြင်ပြင် တကယ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး အမိန့်ချပြီးရင်လည်း လွှတ်ငြိမ်းချမ်းသာခွင့်ထဲ မပါလာစေချင်ဘူးလို့ ပြောပါတယ်။

အငှားယာဉ်မောင်း မျိုးဇော်ဦးကို မုဒိန်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှု ပုဒ်မ ၃၇၇ ၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ၊ လုယက်မှု ပုဒ်မ ၃၉၄ တို့နဲ့ ဒီနေ့ တရားရုံးက တရားစွဲဆိုလိုက်ပါတယ်။

အသတ်ခံခဲ့ရတဲ့ မရွှေရည်ဝင်းဟာ နေပြည်တော်ကနေတဆင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မှာရှိတဲ့ သူရဲ့ နေအိမ်ကို ပြန်ရောက်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းမှာ အလုပ်ကိစ္စနဲ့ နေအိမ်ကနေ ပြန်ထွက်သွားခဲ့ပြီး ညပိုင်းမှာ အဆက်သွယ်ပြတ်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ည ၁၁ နာရီကျော်တဲ့အထိ နေအိမ်ပြန်မရောက်ခဲ့တဲ့အတွက် မိသားစုက ဒဂုံမြို့မရဲစခန်းမှာ လူပျောက်အမှုဖွင့်တိုင်ကြားခဲ့ပြီး နောက်တစ်နေ့ မနက် ဇန်နဝါရီ ၂၁ ရက်မှာ မုဒိန်းကျင့် အသတ်ခံထားရတဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
အဓမ္မပြုကျင့်သူ အငှားယဉ်မောင်းကို သေဒဏ်ပေးဖို့ တောင်းဆို အဓမ္မပြုကျင့်သူ အငှားယဉ်မောင်းကို သေဒဏ်ပေးဖို့ တောင်းဆို Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.