တရားမဲ့ပြောဆိုနေတဲ့ ရဟန်းတွေကို မှတ်တမ်းတင်ထားတယ်လို့ ၀န်ကြီး ပြော

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
အင်တာနက် လူမှုကွန်ရက်မှာသာမက နှုတ်နဲ့ တရားမဲ့ပြောဆိုတိုက်တွန်းနေတဲ့ ရဟန်းသာမဏေတွေကို မှတ်တမ်းတင်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီနေ့ ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ယာယီရပ်နားချိန်မှာ သတင်းထောက်တွေကို ၀န်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝိနည်းနဲ့ မညီဘဲ အဓမ္မ၀ါဒကို အားပေးတဲ့ သဘောသက်ရောက်နေတဲ့ သံဃာအချို့ကို အရေးယူဖို့ လုပ်ဆောင်ရာမှာ ပါဝင်ဖို့ ပျက်ကွက်သူတွေဟာလည်း နောင်တတွေနဲ့ ကြုံတွေ့ရပြီး သမိုင်းတရားခံဖြစ်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အစိုးရ၊ ပြည်သူ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပါဝင်တဲ့ ညီညွတ်မှုတရပ်တည်ဆောက်ဖို့ လိုတယ်လို့လည်း သူရဦးအောင်ကိုက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
တရားမဲ့ပြောဆိုနေတဲ့ ရဟန်းတွေကို မှတ်တမ်းတင်ထားတယ်လို့ ၀န်ကြီး ပြော တရားမဲ့ပြောဆိုနေတဲ့ ရဟန်းတွေကို မှတ်တမ်းတင်ထားတယ်လို့ ၀န်ကြီး ပြော Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.