အိမ်လည်လာရင်း ရေနစ်သေဆုံး


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့ ရပ်ကွက်(၁) ဆင်ကူးတန်းကျေးရွာတွင် ရန်ကုန် မင်္ဂလာဒုံမြို့နယ် ဝိုင်ယာလက် အေးသာယာ ရပ်ကွက်နေ မဝေညိမ်းခိုင်(ဘ)ဦးညိမ်းထွေး သည် သာပေါင်းမြို့ ဆင်ကူးတန်းရွာသို့ အိမ်လည်လာစဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့် က ရေနစ်ေ်သဆုံးသွားကြောင်း သိရသည်။


ဆင်ကူးတန်းရွာ ရှိ နာရေးတခုတွင် ရွာသူ ရွာသားများဖြင့် မဝေညိမ်းခိုင်သည် ကြက်သွန်များဝိုင်ဝန်း လှီးနေစဉ် ဝိုင်းဝန်းကူညီနေကြသူများမှ သတိထားမိသည့်အခါ မတွေ့၍ ရာအိမ်မှူး ဦးကျော်ဌေးမိုးအား အကြောင်းပြီး လိုက်ရှာရာ မြစ်ဆိပ်ကမ်း တွင် သေဆုံးသူ၏ ဖိနပ်အားတွေ့ရှိ၍
 ရေနစ်သေဆုံးသည်ဟု အထင်နှင့် ရွာသားများမှ ငါးမျှားဂျိတ်များ ပါရှိသော ကြိုးများဖြင့် ရေထဲတွင် ကျောက်တိုက်ရှာရာ ညနေ(၄း၃၀)အချိန်ခန့်၌ ငါးမျှားဂျိတ်တွင် ပါလာသည်။


အထက်ပါ သေဆုံးသူသည် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

MCRA/SH Soe Win
အိမ်လည်လာရင်း ရေနစ်သေဆုံး အိမ်လည်လာရင်း ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 12:16 Rating: 5
Powered by Blogger.