လက်ကိုင်ဖုန်းအသုံးပြုနေသူအား ဓါးဖြင့်ချိန်ရွယ်၍ လက်ကိုင်ဖုန်း လုယူသွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိ


မန္တလေး၊ ဖေဖော်ဝါရီ ၅

၂-၂-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မန္တလေးတက္ကသိုလ်ဝင်းအတွင်း ထိုင်၍ လက်ကိုင်ဖုန်းအသုံးပြုနေသူအား အမျိုးသား(၂)ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဓါးဖြင့်ချိန်ရွယ်၍ အသုံးပြုနေသည့် Mi 5A အမျိုးအစားရွှေရောင်ဖုန်းအား ဆွဲယူထွက်ပြေးသွားသဖြင့် မဟာအောင်မြေ မြို့မရဲစခန်း (ပ) ၅၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ၃-၂-၂၀၁၈ ရက်နေ့ ည ၁၁ နာရီ ၁၀ အချိန် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်မြို့မရဲစခန်းတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း မှုခင်းကျဆင်းရေးဆောင်ရွက်နေစဉ် မဟာမုနိ ဘုရားကြီးပွဲတော်အတွင်း မသင်္ကာသူ လူငယ်(၃)ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ အဆိုပါလူငယ်(၃)ဦးမှာ ထွက်ပြေးသွားသဖြင့် ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ၄င်းတို့(၃)ဦးအနက်မှ နေနေ(ခ)နေနေအောင် အား ဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာ ထွက်ပြေး လွတ်မြောက်သူ(၂)ဦးမှာ အောင်စိုးထက်နှင့် ဂျူစီတို့ဖြစ်ပြီး ၎င်းတို့ (၂)ဦးမှာ မဟာအောင်မြေမြို့မ ရဲစခန်း (ပ) ၅၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ထွက်ပြေးသွားသော တရားခံများ ဖမ်းဆီးရမိရေးအတွက် ချမ်းမြသာစည်မြို့မရဲစခန်းမှူးမှ ကြပ်မတ်ဆောင်ရွက်ခဲ့ရာ ည ၁၁ နာရီ ၅၀ အချိန် အောင်စိုးထက်(ခ)စိုးထက်အား မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၄၄x၈၂လမ်းတွင်လည်းကောင်း၊ ဂျူစီ(ခ)အောင်အောင် အား ၄-၂-၂၀၁၈ ရက်နေ့ နံနက် ၄ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ နေနေ(ခ)နေနေအောင်၊ အောင်စိုးထက်(ခ)ဖိုးထက်၊ ဂျူစီ(ခ)အောင်အောင် တို့အား အသေးစိတ် ထပ်မံစစ်မေးရာ အောင်စိုးထက်(ခ)ဖိုးထက်၊ ဂျူစီ(ခ) အောင်အောင်တို့မှ ၃-၂-၂၀၁၈ ရက်နေ့ ညပိုင်းက မန္တလေးတက္ကသိုလ်ဝင်းအတွင်း ဖုန်းသုံးနေသူထံမှ ဆိုင်ကယ်ဖြင့် သွားရောက်၍ ဓါးဖြင့်ချိန်ရွယ်ကာ Mi 5A ရွှေရောင်ဖုန်း(၁)လုံးအား လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး အမှုကွင်းဆက်များ စစ်ဆေးဖော်ထုတ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
လက်ကိုင်ဖုန်းအသုံးပြုနေသူအား ဓါးဖြင့်ချိန်ရွယ်၍ လက်ကိုင်ဖုန်း လုယူသွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိ လက်ကိုင်ဖုန်းအသုံးပြုနေသူအား ဓါးဖြင့်ချိန်ရွယ်၍ လက်ကိုင်ဖုန်း လုယူသွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.