ငါးဖမ်းလှေတစ်စီး စီဘီအောက်သို့ဝင်၍ လူတစ်ဦးသေဆုံး


ရန်ကုန် ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် (၂၃) ရပ်ကွက် ၀ါးတစ်ရာကျေးရွာ ရန်ကုန်မြစ် (လှိုင်မြစ်)အတွင်း၌ ဖေဖော်ဝါရီ၃ ရက် နံနက် ၁၀ နာရီခွဲတွင် မြောက်ဘက်မှ တောင်ဘက်သို့ မြော၍ ငါးဖမ်းသောလှေတစ်စင်းသည် ကျောက်ချထားသော စီဘီ (၄၄၀)အောက်တွင် ကျောက်ကြိုးနှင့် လှေငယ် ပိုက်ငြိ၍ လှေတိမ်းမှောက်သော ပဲ့ထိန်းကိုသိန်းဦး ၄၆ နှစ် သေဆုံးပြီး ပိုက်ဦးစီး ကိုပုမှာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၎င်းဦးစီးကိုပုသည် သေသူကိုသိန်းဦးအား ပိုက်များ အတင်းဆွဲထုတ်သော်လည်း ရေစီးသန်၍ မထိန်းနိုင်သည့်အခါ လှေကို ဆွဲမှောက်သလိုဖြစ်ပြီး လှေ၏နောက် အင်ဂျင်နှင့်ပိုက်တို့ လူပါပတ်ပြီး ရေထဲကျသွားကြောင်းသိရှိရသည်။ သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ရွှေတိုင်လွင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငါးဖမ်းလှေတစ်စီး စီဘီအောက်သို့ဝင်၍ လူတစ်ဦးသေဆုံး ငါးဖမ်းလှေတစ်စီး စီဘီအောက်သို့ဝင်၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.