မြို့သစ်မြို့နယ်မှာ အိမ်ခြေ (၁၅)အိမ်ထက်မနည်း မီးလောင်ကျွမ်းမှုဖြစ်


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက်ေ်န့ ယနေ့ ညနေ (၅)နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းကြောင်း သိရပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကျေးရွာ၏မြောက်ဘက်ပိုင်းရှိ အိမ်ခြေ (၁၅)အိမ်ထက်မနည်းလောင်ကျွမ်းကြောင်း ကနဦးသတင်းရရှိပါတယ်။


အဆိုပါ ဆူးတပ်ကြီးကျေးရွာသည် အိမ်ခြေ (၇၀၀)ခန့်ရှိသော ကျေးရွာကြီးဖြစ်ပြီး ယခုအခါ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ နတ်မောက်မြို့မှ မီးသတ်ယာဉ်များ၊ တောင်တွင်းကြီးမြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်၍ မီးညွန့်ကျိုးသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

Aung KyawKyaw‎
မြို့သစ်မြို့နယ်မှာ အိမ်ခြေ (၁၅)အိမ်ထက်မနည်း မီးလောင်ကျွမ်းမှုဖြစ်  မြို့သစ်မြို့နယ်မှာ အိမ်ခြေ (၁၅)အိမ်ထက်မနည်း မီးလောင်ကျွမ်းမှုဖြစ် Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.