ဇနီးဖြစ်သူအား သတ်ပြီး ပလတ်စတစ်ပုံးနှင့် ထည့်ကာ မီးရှို့ အလောင်းဖျောက်မှု

လွိုင်ကော်မြို့နယ်၌ အမျိုးသမီးတစ်ဦးအားသတ်၍ မီးဖြင့်ရှို့ပြီး အလောင်းဖျောက်သည့်အမှုမှ တရားခံ(၂)ဦး စစ်ဆေးပေါ်ပေါက်ရာမှ တစ်ဦးအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ပါလောင်းကျေးရွာ၊ လွိုင်ကော်-ရှားတောကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၂-၃)ကြား လမ်း၏ အနောက်ဘက် ပေ(၁၀၀)ခန့်အကွာ လျှိုမြောင်ချောက်အတွင်း၌ အလောင်းတစ်လောင်း တွေ့ရှိမှုနှင့် ပတ်သက်၍ လွိုင်ကော်မြို့မရဲစခန်း (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့သည်။

 အမှုမှ တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ မီးရှို့ခံထား ရသူမှာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ဒေါ်ဇင်မာထွေး(၄၄)နှစ်ဖြစ်ကြောင်းနှင့် အလောင်းတွေ့ ရှိသည့်နေရာ ပြာပုံအောက်မှ အရှည်(၁၇)ပေခန့်ရှိ သွပ်ကြိုး(၄)ချောင်း၊ မီးလောင်ကျွမ်းထားသည့် အဝါရောင်ပလတ်စတစ်ပြား(၁)ချပ်၊ အပြာရောင်ပလတ်စတစ်ပြား(၂)ချပ်၊ သဲလက်ကိုင်ကွင်း (၁)ခု၊ အနီရောင်ပလတ်စတစ်အဖုံး(၁)ဖုံးနှင့် အခင်းဖြစ်နေရာအနီးကားလမ်းနံဘေးမှ Dunhill တံဆိပ်ပါ အဖြူရောင်စီးကရက်အတို(၁၀)ခု၊ Red Bull အချိုရည်ဗူးခွံ(၂)ဗူးတို့အား တွေ့ရှိရ၍ ဒေါ်ဇင်မာထွေး ၏ နေအိမ်အား ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဒေါ်ဇင်မာထွေး၏ နေအိမ်တွင် ထားရှိသည့် ဓာတ်ဆီများထည့်ထားသော ပလတ်စတစ်အဝါရောင် (၅)ဂါလံပုံး(၁)ပုံး၊ သံလက်ကိုင်ကွင်းပါ အပြာရောင် ပလတ်စတစ်ပုံးကြီး(၁)ပုံး၊ ကားတာယာအဟောင်း(၄)လုံးရှိသည့်အနက်(၂)လုံးတို့မှာ ပျောက်ဆုံး နေကြောင်းသိရှိရသည်။

 ထို့နောက် နေအိမ်ခြံဝန်းအတွင်းရှိ အမှိုက်ခြင်းတောင်းအတွင်းမှ Dunhill တံဆိပ်ပါ အဖြူရောင် စီးကရက်အတို(၁၀)ခု၊ စီးကရက်ဗူးခွံ(၁)ခု၊ ရွှံ့များပေကပ်နေသော အနက်ရောင် ဝေါကင်းရှူးဖိနပ်(၁)ရံတို့အား တွေ့ရှိရသဖြင့် တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ ရှိချက်များအရ သံသယရှိသူများဖြစ်သည့် ဒေါ်ဇင်မာထွေး ၏ ခင်ပွန်းဖြစ်သူ လပြည့်ဝင်း(ခ) သပြေအောင်နှင့် ၎င်း၏ညီဖြစ်သူ အောင်ကောင်းစံဝင်း တို့အား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း မှုများပြုလုပ်ခဲ့ရာ ညီဖြစ်သူ အောင်ကောင်းစံဝင်း အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။

 စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသစရိတ် ငွေတောင်းရန် အစ်ကိုဖြစ်သူနေထိုင်သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့သွားရောက်၍ သင်္ဂဟ တည်းခိုခန်း၌ တည်းခိုးပြီး တစ်ညအိပ်ကာ နောက်တစ်နေ့ညပိုင်းတွင် အစ်ကိုဖြစ်သူထံ လိုက်သွားစဉ် အစ်ကိုဖြစ်သူမှ ဇနီးဖြစ်သူ ဒေါ်ဇင်မာထွေး အား သတ်ပြီး အပြာရောင်ပလတ်စတစ်ပုံးဖြင့် ထည့်ထား သည်ကိုတွေ့ရှိ ရကြောင်း၊ အလောင်းအား အစ်ကိုနှင့်အတူ ကားပေါ်တင်၍ လွိုင်ကော်-ရှားတော ကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၂-၃)ကြားလမ်း၏အနောက်ဘက် ပေ(၁၀၀)ခန့်အကွာ လျှိုမြောင်ချောက် အတွင်း၌ ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ကြောင်း၊ အစ်ကိုဖြစ်သူမှ ရွှေထည်ပစ္စည်းများအား ၎င်းအား ပေးပြီး ရန်ကုန်သို့ပြန်ကာ လှိုင်သာယာမီးခွက်ဈေးတွင် ရွှေထည်ပစ္စည်းများအား ရောင်းချခဲ့ရာ ရွှေနားကပ်(၁)ရံအား ငွေကျပ်(၂၇၀၀၀၀)ကျပ်ဖြင့်ရောင်းချရရှိခဲ့ကြောင်း၊ ကျန်ပစ္စည်းများမှာ ရွှေအတု များဖြစ် နေ၍ နေအိမ်သို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ တရားခံ သပြေအောင်(ခ)လပြည့်ဝန်း အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
ဇနီးဖြစ်သူအား သတ်ပြီး ပလတ်စတစ်ပုံးနှင့် ထည့်ကာ မီးရှို့ အလောင်းဖျောက်မှု ဇနီးဖြစ်သူအား သတ်ပြီး ပလတ်စတစ်ပုံးနှင့် ထည့်ကာ မီးရှို့ အလောင်းဖျောက်မှု Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.