မင်္ဂလာဒုံမြို့နယ်တွင် ကား ၃ စီး တိုက်မှုဖြစ်ပွားရာ လူ (၄)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရ


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ပျဉ်းမပင်ရပ်ကွက် နို့ချက်စက်ရုံအနီးတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့် က ကား ၃ စီးတိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။


လိုက်ထရက်ကား၊ TM နို့ကား နှင့် taxi ကား တို့  ၃ စီး တိုက်မိခဲ့ပါရာ လိုက်ထရက်ကားပေါ်ပါလာသူ အမျိုးသမီး (၈)ဦး ပြင်းထန် ဒဏ်ရာရပြီး နေရာမှာတင်၂ဦး သေဆုံးခဲ့ တစ်ဦးစိုးရိမ်ရသည်။ အမျိုးသား(၃)ဦးလည်း ဒဏ်ရာရပြီး (၁)ဦးသေဆုံးခဲ့ပါသည်။ ဒါအပြင် ကလေး (၃)ဦး ဒဏ်ရာရရှိပြီး (၇) လသားအရွယ် မိန်ကလေးတဦးသေဆုံးခဲ့ပါသည်။  နို့ကားမှအမျိုးသမီး(၁)ဦးဒဏ်ရာရရှိ ကြောင်း သိရသည်။

မေဓါဝီဆေးရုံသို့ သေဆုံးသူ(၃)ဦး ဒဏ်ရာရရှိသူ(၄)ဦးတို့အား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ကူညီပို့ဆောင်ခဲ့ကာ ဗာကုလအသင်းမှ လူနာတဦး ပို့ဆောင်ကူညီခဲ့ ပြီး အင်းစိန်ဆေးရုံသို့ အမျိုးသမီးလူနာ(၅)ဦး ကလေးလူနာ(၄)ဦး ပို့ဆောင်ခဲ့သည်ဟု သိရပါသည်။


အဆိုပါယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိသူ(၁၆)ဦး သေဆုံးသူ(၄)ဦးထိ ရှိခဲ့ပါသည်။ လူနာများနှင့်အတူ ပါရှိလာသော ရွှေထည်ပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများကို နယ် မြေခံရဲတပ်ဖွဲ့နှင့် ဆေးရုံမှုခင်း ရဲဆေး လူမှုဆက်ဆံရေး ဝန်ထမ်များထံတွင် သက်သေများရှေ့၌ အပ်နှံကူညီပေးခဲ့ ပါသည်။

Htin Lin Aung
ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့

မင်္ဂလာဒုံမြို့နယ်တွင် ကား ၃ စီး တိုက်မှုဖြစ်ပွားရာ လူ (၄)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရ မင်္ဂလာဒုံမြို့နယ်တွင် ကား ၃ စီး တိုက်မှုဖြစ်ပွားရာ လူ (၄)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.