အိုလံပစ်ပြိုင်ပွဲ ဖွင့်ပြီ


တောင်ကိုရီုးယားနိုင်ငံ ပြုံချမ်းမြို့မှာ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို မနေ့က ဖွင့်လှစ်လိုက်ပါပြီ။ ဖွင့်ပွဲမှာ တောင်ကိုရီးယားသမတ Moon Jae-in မွန်းဂျေးအင်က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကင် ဂျုံးအန် ရဲ့ညီမ Kim Yo Jong ကင် ယိုးဂျွန်ကို လက်ဆွဲနုတ်ဆက်ခဲ့ပါတယ်။ အခမ်းအနားတက်တဲ့ အမေရိကန် ဒုတိယသမတ Mike Pence မိုက် ပင့်န်စ် ကတော့ မလှမ်းမကမ်းမှာရှိနေပေမယ့် ကင်ဂျုံးအန်ညီမကို နုတ်ဆက်ခြင်း မရှိပါဖူး။

ဒါ့အပြင် တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Gutterres အန်တိုနီယို ဂွတ်တားရက်ဇ် က အိုလံပစ်ပွဲအကြို ညစားစားပွဲမှာ မြောက်ကိုရီးယား နိုင်ငံရဲ့ အမည်ခံသမတ ကင် ယွန်နမ်းကို ခေတ္တတွေ့ဆုံပြီး နူကလီယာလက်နက်ပြသနာကို ဆွေးနွေးပွဲတွေနဲ့ အဖြေရှာဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အခုကျင်းပတဲ့ အိုလံပစ်ပွဲမှာ ပါဝင်လိုတဲ့ ရုရှားအားကစားသမား ၄၅ ဦးကို နိုင်ငံတကာ အိုလံပစ် ကော်မတီက ပိတ်ပင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ အိုလံပစ်ပွဲတွေမှာ ရုရှားကစားသမား အမြောက်အများ စိတ်ကြွဆေးသုံးခဲ့တဲ့အတွက် အခုနှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့ ရုရှားတွေကို တဦးချင်းစိစစ်ခဲ့ပါတယ်။ ရုရှားအားကစားသမား ၁၆၈ ဦးတော့ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

အိုလံပစ်ပြိုင်ပွဲ ဖွင့်ပြီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပြီ Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.