တာလီဗန် ခေါင်းဆောင် ကန် ဒရုန်း ပစ်လို့ သေဆုံး


အမေရိကန်က drone မောင်းသူမဲ့လေယာဉ်နဲ့ သီးခြားစီ နှစ်ကြိမ်တိုက်တာ ပါကစ္စတန်တာလီဘန်တပ်မှူး Khan Said နဲ့ အာဖဂန်-ပါကစ္စတန်နယ်စပ်မှာရှိတဲ့ စစ်သွေးကြွတွေ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက မနေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်က ဒုံးကျည်နဲ့ နှစ်ကြိမ်တိုက်ချိန်မှာ သေဆုံးသွားတာလို့ ပါကစ္စတန်ထောက်လှမ်းရေး တာဝန်ရှိသူ လေးယောက်နဲ့ တာလီဘန်တပ်မှူး ၃ ယောက်တို့က Reuters သတင်းဌာနကို မနေ့က အတည်ပြု ပြောကြားလိုက်တာပါ။

ပါကစ္စတန် အနောက်မြောက်ပိုင်းက စစ်သွေးကြွစခန်းဝင်းနဲ့ အာဖဂန်နစ္စတန်ဘက်က မော်တော်ယာဉ် တစီးကို သီးခြားစီ ပစ်ခတ်တာ စစ်သွေးကြွ ၁၁ ယောက်သေဆုံးသွားတယ်လို့ အေပီသတင်းကလည်းဖော်ပြပါတယ်။

တာလီဘန်တပ်မှူး Khan Said စီးလာတဲ့ ပစ်ကပ်ကားကို ဒုံးကျည်ထိမှန်လို့ သူနဲ့ စစ်သွေးကြွ ၃ ယောက်သေဆုံးရပါတယ်။ သူဟာ အရေးပါတဲ့ စစ်သွေးကြွတပ်မှူးဖြစ်ပြီး အာဖဂန်တာလီဘန်နဲ့နီးစပ်သူ ဖြစ်ပါတယ်။
နောက်တချီကတော့ Waziristan မြောက်ပိုင်းက စစ်သွေးကြွစခန်းဝင်းကို ဒုံးကျည်ထိမှန်တာဖြစ်ပြီး စစ်သွေးကြွ ၇ ယောက်သေဆုံးသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

တာလီဗန် ခေါင်းဆောင် ကန် ဒရုန်း ပစ်လို့ သေဆုံး တာလီဗန် ခေါင်းဆောင် ကန် ဒရုန်း ပစ်လို့ သေဆုံး Reviewed by THITHTOOLWIN on 07:53 Rating: 5
Powered by Blogger.