ပန်းတောင်မြို့နယ်တွင် အလှူခံပုံးဖျက်ဆီး၍ အလှူငွေ ခိုးယူသွားသူများအား ဖမ်းဆီးမိ

အလှူခံပုံးဖျက်ဆီး၍ အလှူငွေများ ခိုးယူသွားသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူထား
နေပြည်တော်၊ ဖေဖော်ဝါရီ ၎

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၂ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဝန်လိုရပ်ကွက်၊ ပေါ်တော်မူရှင်ဖြူဘုရား အာရုံခံတန်ဆောင်းအတွင်းရှိ အလှူခံ ပုံး(၂)ပုံးအတွင်းမှ အလှူငွေများ ပျောက်ဆုံးသွားကြောင်း ဘုရားအစောင့်ဖြစ်သူ မောင်ချို(၃၉)နှစ်မှ ဘုရားဂေါပကဥက္ကဌ ဦးညွန့်သောင်းထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါသည်။

 ဦးညွန့်သောင်းမှ ဂေါပက အဖွဲ့ဝင်၊ ရပ်မိရပ်ဖတို့နှင့်အတူ သွားရောက်စစ်ဆေးပြီး ပန်းတောင်းမြို့မရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လိုက်လံစုံစမ်း ဖမ်းဆီးရာ ဆင်တဲကျေးရွာ အထွက်တွင် ကြခတ်ရပ်ကွက်နေ ရဲလင်းထက်(ခ)နေဇော်(၁၃)နှစ်၊ ရေဝင်ကျေးရွာနေ သိန်းဇော်(ခ) တောသား(၁၇)နှစ်နှင့် ကြို့ပင်ကောက်မြို့နယ်နေ ကျော်မျိုး(ခ)ပါကျဲ(၁၇)နှစ်တို့(၃)ဦးအား အလှူခံပုံး အား ရိုက်ခွဲဖျက်ဆီး၍ ယူဆောင်သွားသည့် အလှူငွေ (၃၀၃၀၀၀)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

 ၎င်းတို့(၃)ဦးအား ပန်းတောင်းမြို့မရဲစခန်း (ပ)၁၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုငံငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ပန်းတောင်မြို့နယ်တွင် အလှူခံပုံးဖျက်ဆီး၍ အလှူငွေ ခိုးယူသွားသူများအား ဖမ်းဆီးမိ ပန်းတောင်မြို့နယ်တွင် အလှူခံပုံးဖျက်ဆီး၍ အလှူငွေ ခိုးယူသွားသူများအား ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 05:39 Rating: 5
Powered by Blogger.